အသံထက်မြန်သည့် AGM-183 ဒုံးကျည်ကို အမေရိကန်လေတပ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

0
197

အမေရိကန် လေတပ်သည် အသံထက်မြန်သော AGM-183 ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ပစိဖိတ်သမုဒ္ဒရာ ဂူအမ်ကျွန်းရှိ အမေရိကန် အန်ဒါဆန် လေတပ်အခြေစိုက်စခန်းမှ ပျံသန်းခဲ့သည့် B-52 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်မှနေ၍ အဆိုပါဒုံးကျည်ကို မတ်လ ၁၇ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစမ်းသပ်မှုသည် ဒုံးပျံ၏ “တန်ဖိုးရှိသော ထိုးထွင်းသိမြင်နိုင်စွမ်း” ကို တိုးတက်လာစေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်လေတပ်သည် စမ်းသပ်ပစ်လွှတ်မှုအသေးစိတ်အချက်အလက်များကို ထုတ်ပြန်မည်မဟုတ်ကြောင်း နှင့် အသံထက်မြန်သော လက်နက်စမ်းသပ်မှုအစီအစဉ်များစွာကို ထပ်မံပြုလုပ်ရန်လည်း ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။

မတ်လ ၁၇ ရက်က စမ်းသပ်ပစ်လွှတ်မှုသည် AGM-183 ရှေ့ပြေးပုံစံ ဒုံးကျည်ကို ပဉ္စမအကြိမ်မြောက် စမ်းသပ်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here