အာဆီယံဒေသတွင်း အာဟာရချို့တဲ့မှုများပပျောက်ရေးများတွင်မြန်မာလည်း ပူးပေါင်းဆောင်ရွက်သွားမည်

0
111

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း အာဟာရချို့တဲ့မှုများ ပပျောက်ရေး အခြားသော သက်ဆိုင်သည့်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းမှ ပြောကြားလိုက်သည်။ 

အာဆီယံဒေသတွင်း ကလေ-းများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော် ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်း အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းမှ Video Message ပေးပို့၍ အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဟာရချို့တဲ့မှုများပပျောက်ရေး အာဆီယံခေါင်းဆောင်များ ကြေငြာချက်အား အကောင်အထည် ဖော်ရန်အတွက် ပြုစုရေးဆွဲထားသည့် အဆိုပါ လမ်းညွှန်ချက်များ မိတ်ဆက်ခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးမှ Video Message အဖွင့် အမှာစကားပြောကြားပြီး UNICEF အဖွဲ့မှ EAPRO Regional Director မှ အကြိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများမှလည်း အမှာစကားများအား Video Message ဖြင့် အသီးသီးပြောကြားခဲ့ကြသည်။ 

အာဆီယံဒေသတွင်း ကလေ-းများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းအတွက် အာဆီယံကျန်းမာရေးအစုအဖွဲ့(၁) အား ဂုဏ်ပြုပါကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဦးစွာ ပြောကြားသည်။

၎င်းလမ်းညွှန်ချက်များအား အကောင်အထည်ဖော်ရန်နှင့် အာဆီယံ ဒေသတွင်းရှိ ကလေ-းငယ်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ရွေးချယ်မှုများ ရရှိစေရေး ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် ပတ်ဝန်းကျင်ဖန်တီးရာတွင် ကြိုးပမ်းအားထုတ်မှုများကိုလည်း ထောက်ခံပါကြောင်း ဆက်လက်ပြောကြားသည်။

အာဟာရပိုင်းဆိုင်ရာ အာဆီယံ မဟာဗျူဟာမူဘောင်နှင့် ဆောင်ရွက်မှုအစီအစဉ်တွင် နောင်လာမည့် လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းများထုတ်ပြန်နိုင်ရေး မျှော်လင့်ပါကြောင်းနှင့် အာဆီယံဒေသတွင်း အာဟာရချို့တဲ့မှုများ ပပျောက်ရေး အာဟာရပိုင်းဆိုင်ရာ အခြားသော သက်ဆိုင်သည့်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ထို့နောက် အာဆီယံဒေသတွင်း ကလေ-းများအား အန္တရာယ်ဖြစ်စေသော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ အသုံးပြုနိုင်ရေး ကိစ္စရပ်များအား ဘာသာရပ်ဆိုင်ရာပညာရှင်များမှ ဆွေးနွေးပြောကြားကြသည်။

အဆိုပါ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများမှ Video Message အမှာစကားပြောကြားခြင်းနှင့် တာဝန်ရှိသူများ၊ အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးပြောကြားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here