ထိုင်းအစိုးရက လယ်ယာမြေမီးရှို့မှုလုပ်သည့် နိုင်ငံများမှ ပြောင်းတင်သွင်းမှု ပိတ်ပင်မည်ဟု ဆို

0
131

ထိုင်းက​ပြောင်းဝယ်ရာတွင် မြန်မာနိုင်ငံမှအများဆုံးဖြစ်၍ နယ်စပ်ဖြတ်​ကျော်မီးခိုးမြူကိစ္စမြန်မာဖက်ကသတိထားရ​တော့မည်

လယ်ယာတွေကို မီးရှို့တာတွေလုပ်တဲ့ ဒေသတွေမှ ပြောင်းတင်သွင်းမှု တားမြစ်ချက်ကို ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီး ယခုနှစ်အတွင်းမှာ ဥပဒေအသက်ဝင်နိုင်ကြောင်း သိရပါတယ်။

နှစ်စဉ်ပေါ်ပေါက်နေတဲ့ မီးခိုးမြူဖုံးလွှမ်းမှုပြဿနာ လျှော့ချနိုင်ရေးရည်ရွယ်ကာ အခုလိုလုပ်ဆောင်တာဖြစ်ပြီး မီးခိုးဖုံးလွှမ်းရတာတွေနဲ့ ပတ်သက်လို့ အစိုးရက များသောအားဖြင့် အိမ်နီးချင်းနိုင်ငံတွေကို အပြစ်ဆိုပါတယ်။

မီးခိုးမြူပြဿနာတိုက်ဖျက်ရေးအတွက် လယ်ယာတွေကို မီးရှို့တာတွေလုပ်လေ့ရှိတဲ့ ဒေသတွေမှ ပြောင်းတင်သွင်းမှု ပိတ်ပင်တဲ့ အမိန့်ထုတ်ဖို့ရာ ပြင်ဆင်ထားရေး ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနကို အစိုးရအဖွဲ့က ညွှန်ကြားခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ချိုင်းဝါချာရွန်ကီက ပြောဆိုပါတယ်။

ယင်းဆုံးဖြတ်ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေမှာ လယ်ယာမီးရှို့ခြင်းတွေကြောင့် ဖြစ်ပေါ်လာရတဲ့ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့ စိုးရိမ်မှုကို ဖော်ပြခြင်းဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ ဒီဆက်စပ်မှုကို သက်သေပြဖို့အတွက် တာဝန်ရှိသူတွေဟာ ပြောင်းစိုက်ဧရိယာတွေကို ဂြိူဟ်တုဓါတ်ပုံများအရ ပေါ်ထွက်လာတဲ့ မီးလောင်ပြင်မြေပုံတွေနဲ့ နှိုင်းယှဉ်ကာ ဆုံးဖြတ်ချက်ချသွားမှာဖြစ်တယ်လို့ မစ္စတာချိုင်းက ပြောဆိုပါတယ်။

ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ ထိုင်းနိုင်ငံမှာ နှစ်စဉ် ပြောင်းဆန် ဈေးကွက်လိုအပ်ချက် တန်ချိန် ၈.၉ သန်းရှိပြီး ပြည်တွင်းထုတ်လုပ်မှုဟာ တစ်နှစ်ကို တန် ၄.၉ သန်းရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ လက်ရှိမှာ ပြောင်းဆန် တန်ချိန် ၁.၆ သန်းခန့်ကို အိမ်နီးချင်းနိုင်ငံတွေမှ တင်သွင်းနေပြီး ယင်းမှာ မြန်မာနိုင်ငံကနေ ၆ သိန်းမှ ၇ သိန်းအကြား၊ လာအိုနိုင်ငံကနေ ၃ သိန်းမှ ၄ သိန်းအကြားနဲ့ ကမ္ဘောဒီးယားနိုင်ငံကနေ တန်ချိန် ၁ သိန်းခန့် တင်သွင်းတာတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

နောက်ထပ် ပြောင်းတန်ချိန် ၂ သန်းကျော်ကိုတော့ အခြားနိုင်ငံတွေက ဝယ်ယူခဲ့ပြီး အများစုက ဘရာဇီးနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here