မန္တလေးမြို့  အပြီးတောင်ကြီးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ဦးမယ့် R ဇာနည်

0
428

rz

အဆိုတော် R ဇာနည် ရဲ့ တစ်ကိုယ်တော် One Man Show ဂီတဖျော်ဖြေပွဲကို The Trees Music Band နဲ့ တွဲဖက်ပြီး မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ ကြီးမှာ နိုဝင်ဘာ လ ၁၈ ရက်နေ့ ည ၇ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ R ဇာနည်က မန္တလေးမှာပြုလုပ်တဲ့ သူရဲ့ One Man Show ကို အပိုင်း ၃ ပိုင်းခွဲပြီး မန္တလေးပရိသတ်တွေအကြိုက် အကောင်းဆုံးဖြစ်အောင် ကြိုစားပြီး ဖျော်ဖြေတင်ဆက်သွားတာကို တွေ့ရပါတယ်။ ပရိသတ်ကြိုက်နှစ်သက်တဲ့ သီချင်း ဟောင်းတွေ၊ မန္တလေးနဲ့ ပတ်သက်တဲ့သီချင်းတွေနဲ့ “ကမ္ဘာသား” တေးစီးရီးထဲမှ သီချင်းတွေ စုစုပေါင်းသီချင်းအပုဒ်ရေ ၃ဝ နီးပါး သီဆိုဖျော်ဖြေခဲ့ပါတယ်။ Rဇာနည်နဲ့အတူ အဆိုတော် J- Me နဲ့ ဆုန်သင်းပါရ်တို့က တွဲဖက်ကာ အားဖြည့်သီဆို ပေးခဲ့ကြပါတယ်။ Rဇာနည်ရဲ့ တစ်ကိုယ်တော် One Man Show ဖျော်ဖြေပွဲများမှ ရရှိငွေတချို့ကို ပရဟိတအလှူငွေအဖြစ် အသည်းဖောင်ဒေးရှင်းတွေကို လှူဒါန်းမှာဖြစ်ပြီး ပရဟိတအလှူအတွက် LIVOLIN FORTE အသည်းအားဆေးမှလည်း ပူးပေါင်းပါဝင် ကူညီသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ နောက်ထပ် Rဇာနည်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို တောင်ကြီးမြို့မှာ ဖျော်ဖြေတင်ဆက်ဖို့ အစီအစဉ်ရှိကြောင်း သိရှိရပါတယ်။

ချမ်းသာ ၊ ဓာတ်ပုံ – အိသွဲ့ (တန့်ယန်း)


LEAVE A REPLY

Please enter your comment!
Please enter your name here