သုခဒဂုံ ပြည်သူ့အိမ်ရာတွင် နေထိုင်ခြင်းမရှိသည့် အခန်းများအား ပြန်သိမ်းမည်

0
161

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအတွင်း၌ အခန်းမဲပေါက်ထားသည့် အိမ်ခန်းများ၌ သတ်မှတ် စည်းကမ်းအတိုင်းနေထိုင်ရန်နှင့် နေထိုင်ခြင်းမရှိသည့် အိမ်ခန်းများကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အိမ်ခန်းငှားရမ်းခွင့် ရရှိထားသူများအနေဖြင့် လာမည့် မတ်လ (၃၁) ရက် နောက်ဆုံးထားပြီး အငှားချထားသော အိမ်ခန်းတွင် လာရောက်နေထိုင်ရန်နှင့် နေထိုင်ခြင်းမရှိပါက အိမ်ခန်းအား ဌာနမှပြန်လည်သိမ်းယူပြီး အမှန်တကယ်နေထိုင်ရန် အခက်အခဲရှိသူများအား ပြန်လည်နေရာ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အငှားအိမ်ရာ၌ နေရေးအခက်အခဲရှိသော ပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ရန် အိမ်ခန်းနေရာ အငှားချထားပေးခြင်း ဖြစ်သည်။

ပထမအဆင့် ငှားရမ်းနေထိုင်ခွင့် ရရှိသူများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁) ရက်မှ စတင်ပြီး နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အချို့သော ငှားရမ်းနေထိုင်ခွင့်ရရှိသူများသည် နေထိုင်ခွင့် ရရှိထားပြီးဖြစ်သော်လည်း လာရောက်နေထိုင်ခြင်း မရှိခြင်းကြောင့် ပြန်လည်အပ်နှံရန် စိစစ်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here