နိုင်ငံခြားငွေ လဲလှယ်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်နေသည့် Money Changer သုံးခုကို လိုင်စင်ထပ်မံ ရုတ်သိမ်းလိုက်၍စုစုပေါင်း လိုင်စင် (၁၂) ခုအား အရေးယူထား

0
220

ဗဟိုဘဏ်၏ သတ်မှတ်စည်းကမ်းချက်များကို မလိုက်နာသည့် နိုင်ငံခြားငွေလဲလှယ်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်နေသည့် Money Changer (၃)ခုကို လိုင်စင်ထပ်မံရုတ်သိမ်းခဲ့ကြောင်း ဗဟိုဘဏ်ကြေညာချက်အရ သိရသည်။

မတ်လ (၁၉) ရက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်း (၃)ခုမှာ Kaung Han Thar Co.,Ltd ၊ Lite Finance Myanmar Co.,ltd ၊ Wings and Wheels Travels and Tours Co.,ltd တို့ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် Money Changer များကိုပါ ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer များအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ခြင်းနှင့် အပြီးရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မတ်လ (၆) ရက်မှစ၍ လက်ရှိအချိန်အထိ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာခြင်းမရှိသည့် Money Changer (၅)ခုအား လိုင်စင် ရုပ်သိမ်းခြင်း၊ Money Changer (၅)ခုအား လိုင်စင်သုံးလဆိုင်းငံ့ခြင်းနှင့် Money Changer နှစ်ခုအား လိုင်စင် (၆)လဆိုင်းငံ့ခြင်း စသည်ဖြင့်စုစုပေါင်း Money Changer လိုင်စင် (၁၂) ခုအား အရေးယူဆောင်ရွက်ထားပြီးဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here