ရုရှားက ယူကရိန်းရဲ့ ပစ်မှတ်အတွင်းရောက်နေတဲ့ နယ်စပ်ဒေသမှ ကလေ-းငယ် ၉၀၀၀ ခန့်ကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ စီစဉ်

0
154

ယူကရိန်းရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ကြုံနေတဲ့ နယ်စပ်ဒေသတစ်ခုမှ ကလေ-းငယ် ၉၀၀၀ ခန့်ကို ဘေးလွတ်ရာ ကယ်ထုတ်ပေးဖို့ ရုရှားက စီစဉ်နေကြောင်း တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။ ဒါဟာ မကြာခင်လတွေအတွင်း ယူကရိန်းက ရှေ့တန်းစစ်မျက်နှာ နောက်ကွယ်က ပစ်မှတ်တွေအပေါ် အာရုံစိုက်လာတာကို ထင်ဟပ်နေခဲ့ပါတယ်။

အရှေ့စွန်းနယ်စပ်ဒေသ ဘဲလ်ဂိုရော့ဒ်မှ ကလေးငယ်တွေကို ယူကရိန်းနယ်စပ်မှ ဝေးရာကို ရွှေ့ပြောင်းပေးသွားမှာဖြစ်တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး Vyacheslev Gladkov က ပြောဆိုပါတယ်။

စစ်ပွဲ ၂ နှစ်ကျော်လာချိန်မှာ ယူကရိန်းရဲ့ တာဝေးပစ်တိုက်ခိုက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်မှုတွေရဲ့ရန်ကနေ အကာအကွယ်ပေးဖို့အတွက် ကရင်မလင်အနေနဲ့ ကြားခံဇုန်တစ်ခုထူထောင်လိုကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုခဲ့အပြီး နောက်တစ်နေ့မှာ အခုကြေညာချက်ထွက်လာတာဖြစ်ပါတယ်။ 

ယူကရိန်းဟာ ရုရှားအတွင်းပိုင်းက ရေနံချက်စက်ရုံတွေ၊ သိုလှောင်ရုံတွေကို တိုက်ခိုက်ဖို့အတွက် ၎င်းရဲ့ တာဝေးပစ်စွမ်းရည်တွေကို တိုးမြှင့်အသုံးပြုလာခဲ့သလို ရုရှားနယ်စပ်ဒေသတွေကိုလည်း မတည်မငြိမ်ဖြစ်အောင်လုပ်ကာ ပူတင်ကို နိုင်ငံရေးအရ ဖိအားဖြစ်စေဖို့ ကြိုးပမ်းနေခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းအခြေစိုက် ကရင်မလင်နဲ့ ပူတင် ဆန့်ကျင်ရေးသမား ရုရှားလူမျိုးတွေဟာလည်း နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်တာတွေရှိလာတာကြောင့် အင်္ဂါနေ့က ဖက်ဒရယ်လုံခြုံရေးဋ္ဌာန FSB မှ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးအတွင်း ပူတင်က ယင်းနယ်ကျော်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုလုပ်ခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲတွေကြောင့် ဘဲလ်ဂိုရော့ဒ် အရပ်ဘက်ဧရိယာတွေ ပျက်စီးထိခိုက်မှုများနေပြီး Gladkov ရဲ့အဆိုအရ ပြီးခဲ့တဲ့ သီတင်းပတ်တစ်ခုတည်းမှာပဲ လူ ၁၆ ဦး ‌ေ-သဆုံးကာ ၉၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအခြေအနေတွေကြောင့် ဒေသတွင်းက ရှော့ပင်းမောလ်တွေကို တနင်္လာနေ့အထိနဲ့ စာသင်ကျောင်းတွေကို အင်္ဂါနေ့အထိ ပိတ်ထားဖို့ စနေနေ့မှာ သူက အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here