ဗြိတိန်နှင့်ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်မည်

0
150

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန် ထိုင်းနိုင်ငံသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေ

အင်္ဂလန်၊မတ် ၂၀

အင်္ဂလန် နိုင်ငံခြားရေး၊ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာဒေးဗစ်ကင်မရွန်းသည် ဗြိတိန်နှင့်ထိုင်း နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ခြင်းအပြင်၊ဘန်ကောက်နှင့် ကုန်သွယ်ရေး၊လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများ အားကောင်းစေရန်အတွက် အင်ဒို-ပစိဖိတ်ဒေသသို့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

၎င်းသည် နှစ်နိုင်ငံကာကွယ်ရေး၊ကျန်းမာရေးနှင့် ရာသီဥတုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်ရည်ရွယ်၍ ဗြိတိန်-ထိုင်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းလည်းသိရသည်။

ထိုင်းနိုင်ငံသည် အင်ဒို – ပစိဖိတ်ဒေသတွင် ဗြိတိန်၏ အဓိကမိတ်ဖက်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ တစ်စတစ်စအင်အားကြီးမားလာမှုကြောင့် ဗြိတိန်သည် အင်ဒို-ပစိဖိတ်၌ နိုင်ငံခြားရေးမူဝါဒကို ဦးစားပေးလုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်အပါအဝင် နိုင်ငံတကာဥပဒေနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို အကာအကွယ်ပေးရေးတွင် ထိုင်းနိုင်ငံသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေသည်ဟုလည်း ဗြိတိန်နိုင်ငံခြားရေးရုံးကပြောကြားခဲ့သည်။

ဆက်လက်၍ ကင်မရွန်းက “အရှေ့တောင်အာရှဟာ စီးပွားရေးအင်အားကြီးဒေသကြီးဖြစ်ပြီး ထိုင်းနိုင်ငံဟာလည်း စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ဒီလိုဒေသတွင်းနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ခြင်းက ယူကေမှာ အလုပ်အကိုင်တွေတိုးပွားလာနိုင်ပါတယ်” ဟုလည်းဆိုခဲ့သည်။

“ထိုင်းဟာ အာဆီယံရဲ့တည်ထောင်သူအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ သြဇာညောင်းတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ရာသီဥတုဖောက်ပြန်မှု၊ကမ္ဘာ့ကျန်းမာရေးနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုရဲ့ ခြိမ်းခြောက်မှုတွေအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ သူတို့နဲ့ ဆက်လက်လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

Source : သည်အင်ဒီပန်းဒန့်


LEAVE A REPLY

Please enter your comment!
Please enter your name here