သီပေါမြို့လယ်ရပ် ရေမြောင်းတံတားအောက်တွင် အိမ်ခြေမဲ့တစ်ဦး ပုပ်ပွသေဆုံးနေ

0
133

သီပေါမြို့နယ်၊ မြို့လယ်ရပ်၊ ဩဘာလမ်းရှိ ရေမြောင်းတံတားအောက်တွင် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး ပုပ်ပွ‌ေ-သဆုံးနေသည်ကို ယမန်နေ့ မတ်လ (၁၉)ရက်က တွေ့ရှိခဲ့ကြောင်း ဒေသတွင်းလူမှု ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ သေဆုံးမှုအား အနီးပတ်ဝန်းကျင်က အပုပ်အနံ့ရရှိ၍ အကြောင်းကြားသဖြင့် ရှာဖွေခဲ့ရာ ပုပ်ပွ‌ေ-သဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ခန့်မှန်းတာကတော့ အနည်းဆုံး လေးငါးရက်လောက်ရှိနေပြီ။ လောက်တွေလည်း တက်နေတယ်။ အိမ်ခြေမဲ့တစ်ဦးလို့ပဲပြောရမှာပေါ့။ မိသားစုလည်း အခုထိဆက်သွယ်တာ မရှိဘူး။”ဟု ၎င်းက ရှင်းပြသည်။

‌ေ-သဆုံးသူ အမျိုးသားမှာ အသက်မည်မျှရှိသည်ကို ခန့်မှန်းမရလောက်အောင် ရုပ်ပျက်နေပြီး၊ ပတ်ဝန်းကျင်အပြောအရ ‌ယခင်ရက်များအတွင်း တွေ့နေရသော်လည်း ကြုံရာအိပ်လေ့ရှိသည် အိမ်ခြေမဲ့တစ်ဦးဖြစ်‌သည်ဟု ပြောကြားမှုအပေါ် ၎င်းက တဆင့်ပြန်လည်ပြောပြသည်။

လက်ရှိတွင် ‌ေ-သဆုံးသူအား ‌ရေမြောင်းတံတားအောက်မှ သယ်ထုတ်ကာ သီပေါဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here