ဟိုက်ပါဆောနစ်လက်နက် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း အမေရိကန်လေတပ် ထုတ်ပြော

0
160

ပစိဖိတ်သမုဒ္ဒရာဝေဟင်မှာ လေယာဉ်မှပစ်လွှတ်တဲ့ ဟိုက်ပါဆောနစ် လက်နက်စမ်းသပ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်လေတပ်က အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

တနင်္ဂနွေနေ့က ဘီ-၅၂ ဗုံးကြဲလေယာဉ်တစ်စင်းဟာ လေကြောင်းပစ် အလျင်အမြန်တုန့်ပြန်ရေးလက်နက် (ARRW) တစ်စင်းကို သယ်ဆောင်ကာ စမ်းသပ်မှုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ လေတပ်က ပြောဆိုခဲ့ပါတယ်။

စမ်းသပ်မှု အောင်မြင်ခဲ့တယ်လို့ လေတပ်က ပြောဆိုသော်ငြားလည်း လက်နက်ပစ်လွှတ်လိုက်တဲ့ အရှိန်နှုန်းကိုတော့ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။ ယခင်က ARRW လက်နက်စမ်းသပ်ခဲ့မှုတွေအရတော့ အသံထက် ၅ ဆလောက်မြန်တဲ့ အရှိန်နှုန်းနဲ့ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

အမြန်နှုန်းနဲ့ ပဲ့ထိန်းနိုင်စွမ်းအားကောင်းတာကြောင့် ၎င်းတို့ကို ခြေရာခံ၊ ကြားဖြတ်ဖို့ရာ ခက်ခဲတဲ့ အသံထက်မြန် ဟိုက်ပါဆောနစ်လက်နက်တွေ တီထွင်ထုတ်လုပ်နိုင်တာဟာ အမေရိကန်တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။

ရုရှားဟာ ယူကရိန်းရှိ ပစ်မှတ်တွေကို ဟိုက်ပါဆောနစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို တရုတ်နိုင်ငံကလည်း ဟိုက်ပါဆောနစ်လက်နက်တွေကို စမ်းသပ်ထားခဲ့တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတွေက ပြောဆိုခဲ့ကြပါတယ်။

Ref: U.S.News


LEAVE A REPLY

Please enter your comment!
Please enter your name here