၂၀၂၄ ခုနှစ် ချစ်ကြည်ရေး သစ်ပင်စိုက်ပွဲတော်ကို မြန်မာနှင့်အခြားနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ တက်ရောက်

0
201

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများဇုန်၌ ၂၀၂၄ ခုနှစ်၊ ချစ်ကြည်ရေး သစ်ပင်စိုက်ပွဲတော်ကို မတ်လ (၂၀)ရက်က ကျင်းပခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

၎င်းချစ်ကြည်ရေး သစ်ပင်စိုက်ပွဲတော်သို့ တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် Mr. Zhang Shijin ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် အပါအဝင် လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ယူနန်ပြည်နယ်သည် ဂေဟဗေဒယဉ်ကျေးမှု၏ ရှေ့ဆောင်လမ်းပြအနေဖြင့် သဘာဝ ပတ်ဝန်းကျင်၊ တိရစ္ဆာန်များနှင့် အပင်များ ကာကွယ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထို့ကြောင့် ပြည်နယ်၏ စိမ်းလန်းသော သဘာဝအရင်းအမြစ်များကို မိတ်ဆက်၍ ယူနန်ပြည်နယ် အစိုးရနှင့် ကောင်စစ်ဝန်ချုပ်ရုံး အခြေစိုက်နိုင်ငံများအကြား သံတမန်ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ချစ်ကြည်ရေး သစ်ပင်စိုက်ပွဲတော်ကို နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here