YBS ယာဉ်တစ်စီးပေါ်တွင် ဖုန်းလု-ယက်သည့်ဖြစ်စဉ်ဖြစ်ပွားသည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ဟုဆို

0
168

ဆူးလေမှ တောင်ဒဂုံသို့ ပြေးဆွဲသည့် YBS ယာဉ်တစ်စီးပေါ်တွင် ဖုန်းလု-ယက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး အဆိုပါသတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း YRTC မှ သိရသည်။

ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် မမိုးသဇင်စိုးဆိုသူသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ လုယက်သူသည် သိမ်ဖြူမှတ်တိုင်နေရာသို့ ရောက်စဉ်ကတည်းက မမိုးသဇင်စိုး၏ခါးကို ဓ-ားဖြင့် ထော-က်ထားသည့်အတွက် ၎င်းသည် အရမ်းကြောက်လန့်နေကာ ကားရပ်သည်နှင့် တပြိုင်နက် တံခါးအဖွင့်တွင်ပြေးဆင်းရန်ကြိုးစားစဉ်အခိုက် ပြသနာဖြစ်ကြောင်း ရေးသားထားခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ YRTC အနေဖြင့် အခင်းဖြစ်စဉ်ဖြစ်ပွားခဲ့သည်ဆိုသည့် YBS 111 ယာဉ်မှ ယာဉ်မောင်းအား စစ်ဆေးရာတွင် ယင်းဖြစ်စဉ်မရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းဖြစ်စဉ် အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ စာတင်ထားကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။

အဆိုပါ ယာဉ်လိုင်းသည် ပြည်စံသူခရီးသည်ပို့ဆောင်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်လက်အောက်တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းဖြစ်မှကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၂) ရက်နေ့ ညနေ ၄ နာရီအချိန်ဝန်းကျင်၌ ပုဇွန်တောင်ပတ်လမ်းပေါ်ရှိ ညောင်တန်းအိမ်ရာအနီး YBS ၅၈ ယာဉ်လိုင်းပေါ်၌ အမျိုးသားနှစ်ဦးက ခရီးသည်တစ်ဦးထံမှ ဖုန်းလု-ယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here