လှည်းကူး၊ ဖောင်ကြီး၊ မြောက်ဥက္ကလာပတို့ရှိ ရပ်ကွက်နေရာအချို့နှင့် ရွှေပေါက္ကံစက်မှုဇုန်တို့၌ ယနေ့တွင် ယာယီဓာတ်အားပြတ်တောက်မည်

0
351

66 kV လှော်ကား – လှည်းကူး – ရွှေပေါက္ကံဖီဒါအား မတ်လ (၂၁)ရက်တွင် ဓာတ်အားပိတ်မည်ဖြစ်သောကြောင့် လှည်းကူးမြို့နယ်၊ ဖောင်ကြီးမြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်နေရာအချို့နှင့် ရွှေပေါက္ကံစက်မှုဇုန်တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC မှ အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲ၏ ရန်ကုန်-မန္တလေးအမြန်လမ်း၊ 66/11kV, 20MVA GIS ဓာတ်အားခွဲရုံအား ဓာတ်အားပေးနိုင်ရန် 66kV ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည်ဟု အသိပေးထားခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် 66kV လှော်ကား – လှည်းကူး – ရွှေပေါက္ကံ ဖီဒါအား ယနေ့ မတ်လ (၂၁) ရက်၊ နံနက် (၁၀) နာရီမှ နေ့လယ် (၂)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လှည်းကူးမြို့ နယ်၊ ဖောင်ကြီးမြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်နေရာ အချို့နှင့် ရွှေပေါက္ကံစက်မှုဇုန်တို့တွင် ယာယီဓာတ် အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here