မြန်မာနှင့် ဆီးရီးယား ပွဲစဥ်ကြည့်ရှု့မည့်သူများ မှတ်ပုံတင် ယူဆောင်လာရမည်

0
211

ယနေ့ မတ်လ(၂၁)ရက်တွင် ရန်ကုန်မြို့ ၊သုဝဏ္ဏကွင်း၌ ကျင်းပမည့် မြန်မာနှင့် ဆီးရီးယား လက်ရွေးစင်‌ဘောလုံးအသင်းတို့ ယှဉ်ပြိုင်မည့် ကမ္ဘာဖလားခြေစမ်းပွဲစဥ်အား လာရောက်ကြည်ရှုသူများအနေဖြင့် မှတ်ပုံတင်(သို့မဟုတ်) ယာဉ်မောင်းလိုင်စင် ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်အတွက် မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်နှုန်းရောင်းချပေးသွားမည် ဖြစ်ပြီး လက်မှတ်တစ်‌ေစာင်လျှင် အထူးတန်း (၅၀၀၀)ကျပ်၊ ရိုးရိုးတန်း (၂၀၀၀) ကျပ်ဖြင့် သတ်မှတ်ရောင်းချပေးသွားမည်ဖြစ်သည်။

ကြိုတင်လက်မှတ်များကို မတ်လ (၁၉) ရက်နှင့် (၂၀) ရက် နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီအထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးတွင် ရောင်းချပေမည်ဖြစ်ပြီး ပွဲစဉ်ကျင်းပမည့် မတ်လ (၂၁)ရက်၌ သုဝဏ္ဏကွင်း ဂိတ်အမှတ်(၂) နှင့်(၈)တို့တွင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် ယခုပွဲစဉ်ပြီးပါက အဝေးကွင်းပွဲစဉ်အတွက် မတ်လ (၂၆)ရက်၌ ဆော်ဒီအာရေဗျနိုင်ငံ၊ ဒါမန်းမြို့တွင် ထပ်မံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းတွင် ပဏာမ ကစားသမား (၃၅) ဦးကို ရွှေးချယ်ထားပြီး၊ ကစားသမား စာရင်းတွင် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား (၂၂) ဦး၊ ထိုင်း၊ ကမ္ဘော ဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘူတန်လိဂ်များမှ ကစားသမား (၁၃) ဦး စုစုပေါင်း (၃၅) ဦးတို့ကို ရွေးချယ်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here