လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နေလှန်းဆားပိဿာချိန် တင်ပို့ရောင်းရမူတဖြေးဖြေးတိုးလာ

0
178

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဒေသထွက်နေလှန်းဆား ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ဇန်နဝါရီလတွင် ဒေသထွက်နေလှန်းဆား ပိဿာချိန် ၆၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေ‌ဖော်ဝါရီလ (၁) ရက်မှ (၂၉) ရက်ထိ နေလှန်းဆား ပိဿာချိန် ၈၄၀၀၀ ထိ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ခဲ့သည်။

ထို့အပြင် လက်ရှိ မတ်လတွင်လည်း အရောင်းအဝယ်ကောင်းနေသည့်အတွက် ဆားထုတ်လုပ်သည့် လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနေသည်။

လက်ရှိတွင် နေလှန်းဆား ၁၀ ပိဿာလျှင် ငွေကျပ် ၄၅၀၀၀ ထိ ဈေးပေါက်နေပြီး အဆိုပါ ဒေသထွက်နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့်လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း သိရသည်။

ပြည်တွင်း၌ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှာ ဆားအများဆုံးထွက်ရှိသည့်ဒေသများဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here