လာမည့်မိုးစပါးရာသီတွင် တစ်ဧက ကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသည့် သွင်းအားစုများ ထောက်ပံ့မည်

0
299

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်
မိုးစပါးစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့်ညီမျှသည့် သွင်းအားစုကို ထောက်ပံ့ပေးမည်ဖြစ်ပြီး သွင်းအားစုများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးသည့် မူဝါဒကိုလည်း စိုက်ပျိုးရေးကဏ္ဍရှိ အသင်းများဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

မိုးစပါးရာသီတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဧက ၇ သိန်းနီးပါး စိုက်ပျိုးရန်လျာထားပြီး တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသည့် သွင်းအားစုကို တောင်သူများထံ ထုတ်ချေးသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနအနေ ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မိုးစပါး ဧက ခြောက်သိန်း ခုနစ်သောင်း တစ်ထောင်ကျော် စိုက်ပျိုးထုတ်ချေးနိုင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here