ရည်ညွှန်းဈေး‌အောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ရန် သတိပေးထားသော်လည်း ရွှေဆိုင်အချို့ သိန်း ၄၀ ကျော်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေဆဲဖြစ်

0
130

ရွှေဆိုင်များအားလုံး သတ်မှတ်ရည်ညွှန်းဈေးအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ကြရန်
ရန်ကုန်ရွှေအသင်းက သတိပေးထားသော်လည်း ရွှေဆိုင်အချို့မှာ သိန်း ၄၀ ကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်နေဆဲဖြစ်ကြောင်း ရွှေဝယ်ယူသူများထံမှ သိရသည်။

သတ်မှတ်ရည်ညွှန်းဈေးအောက်တွင် အရောင်းအဝယ်မပြုလုပ်နိုင်ပါက အရောင်းအဝယ်ရပ်ထားရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြီးခဲ့သည့် မတ်လ (၁၆) ရက် နံနက်ပိုင်းတွင် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

” ရွှေကို ၄၁ သိန်းကျော်နဲ့ လုပ်ခဲ့ရတာ။ ပြန်ရောင်းရင်ရောဒီဈေးနဲ့ရလားဆိုတော့ မရဘူးတဲ့။ ရွှေဝယ်ရင် ၄၀ ကျော်နဲ့ဝယ်ရပြီး ပြန်ရောင်းရင် ၄၀ အောက်နဲ့ဖြတ်တယ်” ဟု ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဝယ်ယူခဲ့သူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ရည်ညွှန်းဈေးသည် ယမန်နေ့အပိတ်ဈေးတွင် အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ၃၇၉၉၇၀၀ ဖြစ်ပြီး ပြင်ပရွှေဈေးကွက်တွင် တစ်ကျပ်သား ၄၁၅၀၀၀၀ ဖြစ်ကြောင်း သိရသ ည်။

ပြည်တွင်းရွှေဈေးနှုန်းသည် မတ်လ ၁ ရက်တွင် ၃,၉၃၀,၀၀၀ ကျပ်သာ ရှိခဲ့ရာမှ မတ်လ ၂၀ ရက်အပိတ်ဈေးသည် ၄,၁၅၀,၀၀၀ ကျပ်ဖြစ်ကာ တစ်လနီးပါးအတွင်း နှစ်သိန်းကျော်မြင့်တက်လာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here