ဗီယက်နမ်သမ္မတ ရာထူးမှနုတ်ထွက်ခဲ့ပြီး နိုင်ငံရေးမရေရာမှု နက်ရှိုင်းလာ

0
217

သမ္မတ ဗိုဗန်သောင်ရဲ့ ရာထူးနုတ်ထွက်မှုကို ဗီယက်နမ်ကွန်မြူနစ်ပါတီက မတ် ၂၀ ရက်မှာ လက်ခံလိုက်ကြောင်း သိရပြီး အဂတိလိုက်စာမှု နှိမ်နင်းရေးအတွင်း ထိပ်တန်းခေါင်းဆောင်တွေ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့နိုင်ငံမှာ နိုင်ငံရေး မရေရာမှု နက်ရှိုင်းလာခဲ့ပါတယ်။

ဗီယက်နမ်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ VnExpress ရဲ့ ဖော်ပြချက်အရ မစ္စတာသောင်ဟာ ပါတီရဲ့ အမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ ပေါ်လစ်ဗျူယိုအဖွဲ့ဝင်အဖြစ်ကနေရော ပါတီဗဟိုကော်မတီဝင်အဖြစ်ကနေပါ နုတ်ထွက်မှာဖြစ်ကြောင်း သိရပါတယ်။

မစ္စတာသောင်အနေနဲ့ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ကြောင်းနဲ့ သူ့ရဲ့ ချိုးဖောက်မှုတွေနဲ့ ချို့ယွင်းချက်တွေဟာ ပြည်သူတွေရဲ့ ခံယူချက် အနုတ် လက္ခဏာသက်ရောက်စေခဲ့သလို ပါတီနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်လို့ ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဆိုခဲ့ပါတယ်။

ဗီယက်နမ်အမျိုးသားလွှတ်တော်က မတ် ၂၁ ရက်မှာ အထူးအစည်းအဝေးကျင်းပသွားဖို့ရှိပြီး သူ့ရဲ့နေရာကို အစားထိုးဖို့ အလားအလာရှိနေပါတယ်။ လက်ရှိ ဒု-သမ္မတဟာ မစ္စ Vo Thi Aun Xuan ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ သူ့အရင် သမ္မတ Nguyen Xuan Phuc ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၂ နှစ်မပြည့်သေးခင်မှာပဲ မစ္စတာ သောင် ရာထူးနုတ်ထွက်ရမှုဖြစ်လာတာပါ။ မစ္စတာ Phuc ဟာ ကိုဗစ်-၁၉ ကာလအတွင်း ဝန်ကြီးချုပ်အဖြစ် ကြီးကြပ်ဆောင်ရွက်ခဲ့စဉ်က ထိပ်တန်းအဂတိလိုက်စားမှုတွေအတွက် တာဝန်ရှိတဲ့အနေနဲ့ ရာထူးကနုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ မစ္စတာ Phuc ရဲ့ သမ္မတသက်တမ်းဟာ ၂၁ လသာ ကြာခဲ့ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here