ရန်ကုန်တွင် နေရာအနှံအပြား နီးပါးမိုးရွာသွန်း၊ မနက်ဖြန်လည်း ရွာဦးမည်ဟု မိုးဇ/လ သတိပေးထား

0
225

ယနေ့ မတ်လ (၂၁) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တစ်မြို့လုံးနီးပါး အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ အလုံ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ လှိုင်၊ ရမာရွတ်၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာအပါအဝင် မြို့နယ် အားလုံးနီးပါးတွင် ယနေ့ မွန်းလွဲ (၂) နာရီ ဝန်းကျင်မှစတင်ကာ နေရာကွက်၍ မိုးထစ်ချုန်း ရွာသွန်းခဲ့ကြောင်း အဆိုပါ မြို့နယ်များရှိ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ယခုကဲ့သို့ မိုးရွာသွန်းမည့် အခြေအနေနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပြီးခဲ့သည့်ရက်ပိုင်းကပင် ကြိုတင်အသိပေးထားခြင်းလည်း ဖြစ်သည်။

ယမန်နေ့ မတ်လ (၂၀) ရက်ကလည်း အချို့မြို့နယ်များတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းမှုရှိခဲ့ပြီး နေရာကွက်၍ မိုးအနည်းအများ ကွာခြားမှုရှိနိုင်ကြောင်းလည်း သိရသ ည်။

” ကျွန်တော်တို့ ဘက်မှာတော့ မိုးက သိပ်မသည်းဘူး။ ဖွဲဖွဲ ပဲ ရွာသွားတာ။ တချို့နေရာတွေမှာတော့ မနည်းသည်းတယ်။ တစ်ကိုယ်စွတ်လောက်ပေါ့” ဟု ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းဧရိယာဖြစ်သည့် ကျောက်တံတား ၊ ပန်းဘဲတန်း ၊ ဗိုလ်တထောင် မြို့နယ်များဘက်တွင် မိုးအနည်းငယ်သည်းကြောင်း သိရသည်။

” မြို့ထဲမှာတော့ နည်းနည်းသည်းတယ်”ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှရွေ့လျားလာသည့် တိမ်တိုက်များနှင့် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းနှင့် အနောက်ဘ က်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း မတ်လ (၂၀)ရက်မှ မတ်လ (၂၄) ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပြီးခဲ့သည့် ရက်အတွင်းကပင် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယနေ့ မတ်လ (၂၁) ရက် မွန်းလွဲ (၂) နာရီအချိန် မိုးဇ/ လ က ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသ င့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။

အဆိုပါ မိုးလေဝသအခြေအနေများကြောင့် မနက်ဖြန် မတ် လ (၂၂) ရက် နံနက်ပိုင်းအထိ ရန်ကုန်မြို့နှင့် အနီးတဝိုက်၊ မန္တလေးမြို့နှင့် အနီးတဝိုက်၊ နေပြည်တော်နှင့် အနီးတဝိုက်တို့တွင် မိုးထစ်ချုံးရွာသွန်းဦးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အ ပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ က ရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရွာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးဆက်လက်ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here