မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းတွင် ဒိုင်နာယာဉ် (၁)စီး တိမ်းမှော-က်မှု ဖြစ်ပွား

0
144

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် မတ်လ (၂၁) ရက် နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က ဒိုင်နာယာဉ် (၁)စီး တိမ်းမှေ-ာက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ 

အဆိုပါ ယာဉ်တိမ်းမှေ-ာက်မှုဖြစ်ပွားကြောင်း သတင်းအရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အဲဒီနားကနေ ပြန်လာတာ၊ မိုးက နည်းနည်းရွာထားတော့ လမ်းက ချောပြီး ယာဉ်က စလစ်ဖြစ်တာနေမယ်။”ဟု ဖြစ်စဉ် အနီးနားဝန်းကျင်မှ ဖြတ်သန်းသွားလာသူ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှေ-ာက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ယာဉ်ကြောရှင်းလင်းခြင်း ကားအား ပြန်လည်တည့်မတ်ပြီး လိုအပ်သည့် ကူညီမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here