မလေးရှားနိုင်ငံတွင် စက်ဘီးဖြင့် အလုပ်သွားသည့် မြန်မာအမျိုးသားတစ်ဦး ယာဉ်တို-က်ခံရမှုကြောင့် အသက်ဆုံးရှုံး

0
203

မလေးရှားနိုင်ငံ၊ နဂရီဆင်ပီလန်းခရိုင်၊ ဆရင်ဗ်န်းတွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်းအမျိုးသားတစ်ဦး စက်ဘီးဖြင့် အလုပ်ခွင်သို့ သွားရောက်စဉ် ယာဉ်တို-က်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာလူမူကူညီရေးအသင်း(မလေးရှား) မှ သိရသည်။

ဖြစ်စဉ်မှာ မလေးရှားနိုင်ငံ၊ နဂရီဆင်ပီလန်းခရိုင်၊ ဆရင်ဗ်န်းတွင် နေထိုင်သည့် အသက်(၄၀)အရွယ် ကိုကြည်စိုးမှာ မတ်လ (၁၈)ရက်က စက်ဘီးဖြင့် အလုပ်သို့သွားရောက်စဉ်ယာဉ်-တိုက်မှုဖြစ်ကာနေရာ၌ပင် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ယာဉ်တို-က်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ကိုကြည်စိုးမှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ လှည်းလမ်းဆိပ်ကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ကျန်ရစ်သောခန္ဓာကိုယ်ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရန် မိသားစုများမှ အကူညီတောင်းခံလာသဖြင့် လိုအပ်သည်များ စီစဉ်ပြီး မတ်လ (၂၂)ရက်တွင် မြန်မာ – မလေးရှား လေကြောင်းခရီးစဉ်ဖြင့် ကူညီပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here