“ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစုမှ အငြိမ်းစားဝန်ထမ်း (၂၀၀၀ )ကျော်အား လစဥ်လှူဒါန်းသည့် စတုဒီသာအလှူ (၂၁)ကြိမ်မြောက် အဖြစ် ကြာဇံဟင်းခါး ကျွေးမွေး

0
179

“ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစု၏ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဘိုးဘွားများနှင့်အငြိမ်းစားဝန်ထမ်းဘိုးဘွားတို့အား လစဥ်လှူဒါန်းသည့် စတုဒီသာအလှူ (၂၁)ကြိမ်မြောက်အဖြစ် မတ်လ (၂၁) ရက် နံနက်ပိုင်းက ကြာဇံဟင်းခါးနှင့်သောက်ရေသန့်များလှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းခြင်းအား နေပြည်တော်၊ပျဉ်းမနားမြို့၊မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာငွေလာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းဘိုးဘွား ၂၀၀၀ ကျော်အား လှူဒါန်းကျွေးမွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပင်စင်စား ဘိုးဘွားတွေကို လစဥ်လှူဒါန်းကျွေးမွေးတာ ယနေ့ဆိုရင် (၂၁) ကြိမ်ရှိသွားပါပြီ..
ကိုယ်တိုင်က အငြိမ်းစားဖြစ်ခဲ့လို့ သက်ကြီးရွယ်အိုဘိုးဘွားတွေရဲ့ ပင်စင်ထုတ်ယူရန် အဝေးမှနံနက် အစောကြီးထလာရသော ဒုက္ခ၊ ပင်စင်လစာ စောင့်ရင်း ဆာလောင်သော ဒုက္ခ၊ ရေဆာသော ဒုက္ခများကို ကိုယ်ချင်းစာနာစွာဖြင့် ပင်ပန်းမှုများ သက်သာ အဆင်ပြေအောင် “မေတ္တာပေးလှူ၊ ဖေးမကူတဲ့ စတုဒီသာအလှူပွဲ”လေးပါ..
ဒီလို လစဉ်မပျက် လှူဒါန်းကုသိုလ်ပြုခွင့်ရ‌နေ
တဲ့အတွက် အထူး ကြည်နူးပီတိဖြစ်မိပါတယ်”ဟု “ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစု၏ မန်နေဂျင်းဒါရိုက်တာဦးအောင်ဘိုဘိုကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here