ဂါဇာရှိ အယ်ရှီဖာဆေးရုံ စီးနင်းမှုအတွင်း လက်နက်ကိုင် ၉၀ ခန့်ကို သ-တ်-ဖြ-တ်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောဆို

0
237

ဂါဇာဒေသက အယ်ရှီဖာဆေးရုံကို စီးနင်းခဲ့တဲ့ စစ်ဆင်ရေးအတွင်း ‌ေ-သနတ်သမား ၉၀ ဝန်းကျင်ခန့်ကို သ-တ်-ဖြ-တ်နိုင်ခဲ့ပြီး လူ ၁၆၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

စစ်မဖြစ်ခင်က ဂါဇာကမ်းမြောင်ဒေသရဲ့ အကြီးဆုံးဆေးရုံဖြစ်တဲ့ အယ်ရှီဖာဟာ နယ်မြေမြောက်ပိုင်းမှာ တစ်စိတ်တစ်ပိုင်းသာလည်ပတ်နေတဲ့ အနည်းငယ်သော ကျန်းမာရေးစောင့်ရှောက်မှုဋ္ဌနာတွေထဲက တစ်ခုဖြစ်သလို စစ်ဘေးရှောင်အရပ်သားတွေ ခိုလှုံရာနေရာတစ်ခုလို့လည်း သိရပါတယ်။

“တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နေ့တွေက အကြမ်းသမားတွေနဲ့ ဆေးရုံဧရိယာတွေမှာ ရှိနေတဲ့ လက်နက်တွေကို သုတ်သင်ရှင်းလင်းမှုလုပ်ခဲ့ပြီး အရပ်သားတွေ၊ လူနာတွေ၊ ဆေးအဖွဲ့တွေနဲ့ ဆေးပစ္စည်းကိရိယာတွေ ထိခိုက်အနာတရမဖြစ်အောင် ဆောင်ရွက်ခဲ့ပါတယ်” လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

အစ္စရေးဟာ ဆေးရုံစီးနင်းမှုကို တနင်္လာနေ့ မနက်အစောပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်တွေဟာ ဆေးရုံကို ထပ်မံအသုံးချမှုလုပ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကို အခြေခံကာ ခြေလျင်တပ်နဲ့ တင့်ကားတွေ ထောက်ကူမှုဖြင့် အထူးတပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တာဖြစ်ကြောင်း စစ်တပ်က ပြောဆိုပါတယ်။

အယ်ရှီဖာဆေးရုံကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အစ္စရေးတပ်ဖွဲ့တွေ ပထမဆုံးအကြိမ် စီးနင်းမှုလုပ်ခဲ့စဉ် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်ခဲ့ပါတယ်။ ယင်းစီးနင်းခဲ့မှုအတွင်း ဟားမတ်စ်အဖွဲ့က အမိန့်ပေး၊ ကွပ်ကဲရေးစင်တာတွေအဖြစ် အသုံးပြုနေတဲ့ မြေအောက်လှိုဏ်ခေါင်းတွေကို အစ္စရေးစစ်သားတွေ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟားမတ်စ်နဲ့ ဆေးဘက်ဝန်ထမ်းတွေကတော့ ဆေးရုံကို စစ်ရေးရည်ရွယ်ချက်အတွက် သို့မဟုတ် တိုက်ခိုက်ရေးသမားတွေ ခိုအောင်းရာနေရာအဖြစ် အသုံးပြုခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ကြပါတယ်။

Ref: Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here