ကွေ့လင်မြို့ ချီးရှားကျောင်းတိုက်ဆရာတော်မှ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် သာသနိက အဆောက်အဦများ ပြုပြင်တည်ဆောက်ရေးတွင်အသုံးပြုရန် ယွမ်တစ်သောင်းနှစ်ထောင် လှူဒါန်း

0
269

ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze မှ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျောင်းတိုက်များနှင့် သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရေး ယွမ်တစ်သောင်းနှစ်ထောင် လှူဒါန်းပေးအပ်ကြောင်း သိရသည်။

အဆိုပါ ပေးပို့လှူဒါန်းခဲ့သည့် အလှူငွေ ယွမ်တစ်သောင်းနှစ်ထောင်တိတိအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးမှ မတ်လ (၂၀)ရက်က သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ထံသို့ လွှဲပြောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze သည် မြန်မာနိုင်ငံ စာသင်တိုက်များရှိ စာသင်သား သံဃာ/သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ မပြ ည့်စုံသော ကျောင်းသားများအား စာရေးကိရိယာများ ပေးအပ်လှူရန်အတွက် အလှူငွေယွမ် ယွမ်ရှစ်ထောင်တိတိကို ပေးပို့လှူဒါန်းခဲ့သေးကြောင်းလည်း သိရသည်။

အဆိုပါ လှူဒါန်းငွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်နုမြဇံ ထံသို့ ဇွန် (၂၂) ရက်က ပေးအပ်လှူဒါန်းထားရှိပြီးဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here