ရုရှား – ယူကရိန်းစစ်ပွဲရလဒ် ကန်သမ္မတ အသစ်အပေါ်မူတည်–ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး

0
162

စင်္ကာပူ၊မတ် ၂၁

ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်၍ ၎င်းတို့စစ်ပွဲအား ရပ်တန့်နိုင်မည်တစ်ခုတည်းသောနည်းလမ်းမှာ စေ့စပ်ညှိနှိုင်းခြင်းသာဖြစ်သည်။ ယင်းသို့ညှိနှိုင်းနိုင်ရန်မှာလည်း နောက်တက်မည့် အမေရိကန်သမ္မတသည် မည်သူဖြစ်မည် ဆိုသည်နှင့် ဆွေးနွေးပွဲကျင်းပနိုင်မည့်အခြေအနေအပေါ် မူတည်သည်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Peter Szijjarto ကပြောကြားခဲ့သည်။

ခရင်မလင်သည် စစ်အင်အားကြီးရုရှားနိုင်ငံအား စစ်တွင်းစီးပွားရေးနိုင်ငံအဖြစ်သို့ပြောင်းလဲလိုက်သော်လည်း အနောက်အုပ်စုအနေဖြင့် ယူကရိန်းသို့ စစ်ရေးအရရော လက်နက်နှင့် တခြားနည်းလမ်းများနှင့်ပါ ဆက်၍ ထောက်ခံနေမည်ဆိုလျှင် ရုရှားသည် စစ်ပွဲကိုအောင်နိုင်မည် မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အလားတူပင် ရုရှား – ယူကရိန်းစစ်ပွဲသည် ဟန်ဂေရီအပေါ် များစွာ အကျိုးသက်ရောက်မှုရှိသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“စစ်နဲ့အနီးကပ်ဆုံးနေရာမှာနေနေရတာကလည်း နိုင်ငံတစ်နိုင်ငံအပေါ် များစွာအကျိုးသက်ရောက်မှုရှိပါတယ်၊အခုဆို ယူကရိန်းစစ်ရှောင်တစ်သန်းကျော်ကိုလက်ခံထားနေရတယ်၊ ယူကရိန်း က-လေးတွေနဲ့ ကျောင်းသားတွေစာရင်းပေးထားတဲ့ ကျောင်းပေါင်း ၁၆၀၀ ရှိပါတယ်” ဟုလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။

“စေ့စပ်ညှိနှိုင်းမှုလုပ်တာ နောက်ကျလေ၊လူ တွေ ပို ‌ေ-သလေပါပဲ” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here