ခမာမြေ စိန်ခေါ်ပွဲ မြန်မာဖိုက်တာ Naw Naw နှင့် ကမ္ဘောဒီးယားဖိုက်တာ Sim Bunseun တို့ ယှဉ်ပြိုင် ထိုးသ-တ်ဦးမည်

0
180

ခမာမြေ စိန်ခေါ်ပွဲအဖြင့် မြန်မာဖိုက်တာ Naw Naw နှင့် ကမ္ဘောဒီးယားဖိုက်တာ Sim Bunseun တို့ ယနေ့ မတ်လ(၂၂) ရက် ညနေပိုင်းတွင် ယှဉ်ပြိုင် ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ANS ထံက သိရသည်။

အဆိုပါ ပွဲသည် MMA ပွဲစဉ်တစ်ခုဖြစ်ပြီး (၅)မိနစ်ထိုး (၃)ချီဖြင့် ယှဉ်ပြိုင် ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာဖိုက်တာ Naw Naw ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည့် ကမ္ဘောဒီးယားဖိုက်တာမှာ
One Championship သံဇကာ
ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်သည်။

မြန်မာဖိုက်တာ Naw Naw သည် (၅၈) ကီလို ဝိတ်တန်းရှိပြီး ပြည်တွင်း၌ လေလ့ကျင့်ကစားနေသူတစ်ဦးဖြစ်ကာ ရိုးရာလက်ဝှေ့ “Stand Fight” အခြေခံကောင်းများရှိထားသလို “Ground Fight” ပွဲများတွင်လည်း ကျွမ်းကျင်ပါးနပ်သည့် လူငယ်ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။

” Naw Naw လိုအလားတူ ပြည်တွင်းမှာ အလားအလာရှိတဲ့ MMA ကစားသမားတွေ အများကြီးရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် ဝင်းလှိုင်ထွန်း၊ ကျော်ဝေယံ၊ ဇင်ဖြိုး(AIO) နဲ့ မြစ်ကြီးနားက Dan Dan တို့ဖြစ်တယ်။ အများကြီးရှိသေးပါတယ်။ ပြည်တွင်း 3MA ပွဲမှာ ပွဲထုတ်ဖို့ရှိသလို အခုလို ပြည်ပပွဲမကဘဲ အခြားအဖွဲ့အစည်းကြီးတွေနဲ့ချိတ်ဆက်ပေးဖို့အတွက် 3MA အဖွဲ့က ကစားသမားတွေနဲ့အတူ ကြိုးစားနေပါတယ်။”ဟု မြန်မာ့ရိုးရာ လက်ဝေ့ကစားသမားများပေါ်ထွက်လာရေး ဆောင်ရွက်ပေးနေသော 3MA အဖွဲ့က ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here