အောင်ပန်း – တောင်ကြီးသွား ကားလမ်းမတွင် ယာဉ်တို-က်မှုဖြစ်ပြီး (၁)ဦး အသက်ဆုံးရှုံးကာ (၁)ဦးမှာ အပြင်းအထန်ဒဏ်ရာရ

0
191

ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်း – တောင်ကြီးသွားကား လမ်းမကြီးတွင် (၆)ဘီးယာဉ်နှင့် Light Truck ယာဉ်တို့ မတော်တဆတို-က်မိရာမှ Light Truck ယာဉ်မှ ယာဉ်မောင်းအသက်ဆုံးရှုံးခဲ့ရပြီး ယာဉ်နောက်လိုက်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ သိရသည်။

မတ်လ (၂၁)ရက်၊ ညနေ (၃)နာရီခန့်က အောင်ပန်း-တောင်ကြီးသွားလမ်း၊ သာမိုင်းခမ်း တံတားအကျော်  နီလာရိုးမ စက်သုံးဆီအရောင်းဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်( ၂)စီး တို-က်မှုဖြစ်ပွားကြောင်း တာဝန်သိသူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားချက်အရ နာရေးကူညီမှုအသင်း (အောင်ပန်း) မှ သွားရောက်ကူညီခဲ့သည်။

ဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူနှင့် ပြင်းထန်ထိခိုက်ဒဏ်ရာရသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂)ဦးမှာအေးသာယာရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း အသင်းမှ သိရသည်။

အဆိုပါ ယာဉ်တို-က်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ယာဉ်မောင်းကို အောင်ပန်းဆေးရုံရင်ခွဲရုံသို့လည်းကောင်း၊ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သူ ယာဉ်နောက်ကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့လည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here