ထိန်းသိမ်းထားသော ရုရှားပိုင်ဆိုင်မှုများမှ ဝင်ငွေ ယူရို ၁ ဘီလီယံကို ယူကရိန်းသို့ ဇူလိုင်လ ၁ ရက်နေ့တွင် လွှဲပြောင်းပေးရန် အီးယူ မျှော်လင့်

0
296

ဥရောပသမဂ္ဂဝင်နိုင်ငံအားလုံး တညီတညွတ်တည်း သဘောတူမည်ဆိုပါက လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ယူကရိန်းအစိုးရထံ ယူရိုတစ်ဘီလီယံ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားခဲ့သည်။

“အဆိုပြုချက်ကို မြန်မြန်ဆန်ဆန် နိဂုံးချုပ်နိုင်ရင် ပထမ တစ်ဘီလီယံကို ဇူလိုင် ၁ ရက်မှာ လှူဒါန်းနိုင်မယ်” ဟု ဘရပ်ဆဲလ်တွင် ကျင်းပသည့် ဥရောပကောင်စီ အစည်းအဝေး ပထမနေ့အပြီးတွင် သတင်းထောက်များအား သူမက ပြောကြားခဲ့သည်။

သူမ၏စကားတွင် အီးယူခေါင်းဆောင်များသည် ဥရောပကော်မရှင်၏ အဆိုပြုချက်များကို ထိပ်သီးအစည်းအဝေးအတွင်း ထောက်ခံကြောင်း သတင်းစာများက ဖော်ပြခဲ့ကြသည်။

ဥရောပသမဂ္ဂသည် နိုင်ငံတကာ အပ်နှံမှု Euroclear မှ စီမံခန့်ခွဲကာ ထိမ်းသိမ်းထားသော ရုရှား၏ ပိုင်ဆိုင်မှုများကို ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိသော ယူရိုငွေ နှစ်ဘီလီယံ သိုမဟုတ် သုံးဘီလီယံကို ၂၀၂၄ ခုနှစ် ဇူလိုင်လအကုန်တွင် ယူကရိန်းသို လွှပြောင်းပေးနိုင်သည်ဟု မတ် ၁၁ ရက်ထုတ် Financial Times သတင်းစာတွင် ဖော်ပြခဲ့သည်။

၂၀၂၇ ခုနှစ်အထိ ယူကရိန်းအတွက် ယူရိုငွေ ဘီလီယံ ၅၀ ထောက်ပံ့ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဘဏ္ဍာငွေအဖြစ် ရုရှားထံမှ သိမ်းဆည်းထားသည့် ပိုင်ဆိုင်မှုများကို ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိသည့် ငွေများအား ပြန်လည်သုံးစွဲရန် ဥရောပကော်မရှင်၏ အဆိုပြုချက်ကို ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့သော ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးသို တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အတည်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here