ဘုရင့်နောင်ပွဲရုံဝန်းတွင် ကုန်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွား

0
174

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဘုရင့်နောင် ပွဲရုံဝန်းအတွင်း ကုန်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ မတ်လ(၂၂)ရက် နံနက် (၁၁)နာရီကျော်အချိန်က မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝန်းအတွင်းရှိ ကံ့ကော်လမ်းတွင် ကုန်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ “ရွှေရောင်သမိုင်း” အသင်း အထောက်အကူပြုယာဉ် (၁)စီးတို့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် (၁၁)နာရီ (၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သတင်းများအရ သိရသည်။

နိုင်ငံတဝန်း ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ(၂၂)ရက်အထိ ကားမီးလောင်မှု အကြိမ် (၂၀)ဝန်းကျင် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here