ယူကရိန်းကို ဒေါ်လာ သန်း ၈၈၀ ခွဲဝေပေးရန် IMF အတည်ပြု

0
130

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အမှုဆောင်ဘုတ်အဖွဲ့သည် တိုးချဲ့ရန်ပုံငွေ ပံ့ပိုးကူညီမှု(Extended Fund Facility/EFF) ယန္တရားအရ ယူကရိန်းသို့ ဒေါ်လာ သန်း ၈၈၀ ခွဲဝေချထားပေးလိုက်ပြီဖြစ်ကြောင်း IMF ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

IMF ဘုတ်အဖွဲ့သည် ယူကရိန်းအတွက် တိုးချဲ့ရန်ပုံငွေ ပံ့ပိုးကူညီမှု(EFF) လက်အောက်ရှိ တိုးချဲ့အစီအစဉ်၏ တတိယအကြိမ် ပြန်လည်သုံးသပ်မှုကို ယနေ့အဆုံးသတ်ခဲ့ကာ၊ ယူကရိန်း အာဏာပိုင်များအား ဘတ်ဂျက်ပံ့ပိုးမှုအတွက် ပံ့ပိုးပေးမည့် အမေရိကန်ဒေါ်လာ သန်း ၈၈၀ ခန့်နှင့် ညီမျှသော ငွေကြေးပမာဏကို ထုတ်ယူစေခဲ့ကြောင်း သိရသည်။

ယခင်အရစ်ကျ ဒေါ်လာ သန်း ၉၀၀ ကို ပြီးခဲ့သည့် ဒီဇင်ဘာလက အတည်ပြုခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here