အာဆီယံ – မော်စကို ကော်မတီမှ ၂၀၂၄ ခုနှစ်အတွင်း လျာထားသည့် လုပ်ငန်းစဉ်များ ဆွေးနွေး

0
96

အာဆီယံ – မော်စကို ကော်မတီမှ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်သွားရန် လျာထားသည့် ကော်မတီ၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပထမအကြိမ် အာဆီယံ – မော်စကို ကော်မတီအစည်းအဝေး (၂၀၂၄)သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းမှ မတ်လ (၂၀)ရက်၊ နံနက် (၁၁) နာရီတွင် မော်စကိုမြို့ရှိ Metropol ဟိုတယ်၊ Chekhov ခန်းမ၌ ကျင်းပသည့် ပထမအကြိမ် အာဆီယံ – မော်စကိုကော်မတီ အစည်းအဝေး (၂၀၂၄) သို့ တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

၎င်းအစည်းအဝေးကို အာဆီယံ -မော်စကို ကော်မတီ၏ယခုနှစ်အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံသံရုံးက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ အာဆီယံ-မော်စကို ကော်မတီအဖွဲ့ဝင်များဖြစ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံ-မော်စကို ကော်မတီမှ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်သွားရန် လျာထားသည့် ကော်မတီ၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here