ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားများတွင် သတ်မှတ်ချက်များနှင့်အညီ အခွန်တံဆိပ်ကပ်နှိပ်ရန် ထပ်မံအသိပေး

0
230

စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များ ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင်များ ၊ ရွှေထည်လက်ဝတ်ရတနာ ရောင်းချသည့် လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားများတွင် သတ်မှတ်ချက်များနှင့်အညီ အခွန်တံဆိပ်ကပ်နှိပ်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက ထပ်မံအသိပေးထားသည်။

ဖော်ပြပါလုပ်ငန်းရှင်များသည် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၀ ၊ စည်းမျဉ်းခွဲ (က) ၊စည်းမျဉ်းည်းမျဉ်းခွဲငယ် (၃) ပါ ပြဌာန်းချက်နှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်ထားသည့် ပြေစာဖြင့် ရောင်းရငွေ/ဝန်ဆောင်မှုရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူများထံမှ တစ်ပါတည်းကောက်ခံပေးရန် တာဝန်ရှိသကဲ့သို့ ကောက်ခံရရှိသော ထိုကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးများသို့ ပေးသွင်းရန် တာဝန်ရှိကြောင်း အသိပေးထားသည်။

ထို့ကြောင့် ပြေစာသို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားများတွင် သတ်မှတ်ချက်များနှင့်အညီ အခွန်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းတို့အတွက် သတင်းပေးတင်ပြသူက စာရွက်စာတမ်းအထောက်အထားဖြင့်ဖြစ်စေ၊ အသံဖိုင် အထောက်အထားဖြင့်ဖြစ်စေ တင်ပြလာပါက သတင်းပေးတင်ပြသူအား တပ်ရိုက်သည့် ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ လက်ကိုင်ဖုန်းများအပေါ်တွင် သတ်မှတ်ချက်များနှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်ပျက်ကွက်ခြင်းအတွက် သတင်းပေးသူအား  ၂၀ ရာခိုင်နှုန်းကိုလည်းကောင်း ဆုကြေးငွေချီးမြှင့်မည်ဖြစ်သည်။

စားသုံးသူများ အနေဖြင့် အထက်ဖော်ပြပါ လုပ်ငန်းရှင်များထံသို့ ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ်ကပ်ထားသောပြေစာကို တောင်းယူခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းရှင်များကလည်း စားသုံးသူက တောင်းခံသည်ဖြစ်စေ၊မတောင်းခံသည်ဖြစ်စေ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသော ပြေစာများကိုသာ မဖြစ်မနေထုတ်ပေးခြင်းဖြင့်လည်းကောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here