တရုတ်သို့ GACC နည်းလမ်းဖြင့် ရေငန်ပုစွန်ဖြူ ကုမ္ပဏီမှ ပထမဦးဆုံးတင်ပို့ခွင့်ရ

0
173

မွေးမြူရေး ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ တရားဝင် GACC နည်းလမ်းဖြင့် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ပထမဆုံးအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိ ရေငန်ပုစွန်ဖြူ ကုမ္ပဏီတစ်ခုမှ ပထမဦးဆုံးတင်ပို့ခွင့်ရခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါ ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁)ရက်မှစ၍ ပင်လယ်ရေလမ်းကြောင်းဖြင့် စတင် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မွေးမြူရေးရေထွက်ကုန်များကို GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့ရန် ကုမ္ပဏီ (၆) ခုဖြင့်လက်မှတ်ရေးထိုးထားပြီး ယင်းတွင် ကုမ္ပဏီတစ်ခုမှ ပထမဦးဆုံးတင်ပို့ခွင့်ရခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ GACC နည်းလမ်းဖြင့် မတ်လ (၁၁) ရက်မှ (၁၇) ရက်အထိ ပုဇွန်ဖြူကို ကွန်တိန်နာခြောက်လုံးဖြင့် ပင်လယ်ရေကြောင်းမှတဆင့် တန်ချိန် ၁၂၄ တန်၊ ကန်ဒေါ်လာ သုံးသိန်းခုနှစ်သောင်းကျော်ရရှိထားကြောင်း သိရသည်။

ပုစွန်ဖြူများအား တနင်္သာရီတိုင်းဒေသကြီးတွင် လက်ရှိ၌ ဧက နှစ်ထောင်ကျော် မွေးမြူနေခြင်းဖြစ်ပြီး ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဧက (၆) သောင်းကျော် ထပ်မံ တိုးချဲ့ မွေးမြူရန် လျာထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here