လူမှုဖူလုံရေး အလုပ်သမားများအတွက် အာမခံစနစ်(၆)မျိုး အနက် (၂)မျိုးကို အကောင်အထည်ဖော်ဆောင်ရွက်နေ

0
143

အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင်အာမခံစနစ်ခြောက်မျိုးအနက် နှစ်မျိုးကို အကောင်အထည်ဖော်လျက်ရှိပြီး အကျိုးခံစားခွင့် (၁၅) မျိုးကို ဆောင်ရွက်ပေးနေကြောင်းအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် နေပြည်တော်ကောင်စီ ဓနသိဒ္ဓိရပ်ကွက်ရှိ လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်းဖွင့်လှစ်သည့်အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်လာစေရေးမဟာ ဗျူဟာရည်မှန်းချက် တစ်ရပ် ချမှတ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီအလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ကြေးများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင်အာမခံစနစ်ခြောက်မျိုးအနက် နှစ်မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့အပြင် အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း (၂၁) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၄၁) ခန်း၊ Specialist OG OPD ပြသနိုင်သောဆေး ခန်း (၂၉)ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သောဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ/သားဖွားခန်း (၁၅) ခန်းတို့ဖြင့်ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

ယင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၁၉၆၅၆ ဦးအတွက် လူမှုဖူလုံရေးဆေးခန်း သုံးခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း သုံးခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်းနှစ်ခန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ လူနာဦးရေ ၄၃၀၉ ဦးကို ဆေးဖိုးငွေကျပ် ၇၇၉ ဒသမ ၆၆ သန်း ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here