သင်္ကြန်ပိတ်ရက်နေရပ်ပြန်မည့် အထည်ချုပ်အလုပ်သမားများအတွက် ကုမ္ပဏီထောက်ခံစာများ ထုတ်ပေးမည်

0
335

သင်္ကြန်ရုံးပိတ်ရက်ကာလတွင် အထည်ချုပ် အလုပ်သမားများအနေဖြင့် နေရပ်သို့ ပြန်လိုပါက ကုမ္ပဏီထောက်ခံစာများ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ မတ်လ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ စက်ရုံပိုင်ရှင်များအနေဖြင့် ထောက်ခံစာပြုလုပ်ပေးရာတွင် မိမိတို့၏ ကုမ္ပဏီသည် CMP လက်ခစား အထည်ချုပ်လုပ်ငန်းဖြစ်ပြီး အောက်ဖော်ပြပါဝန်ထမ်းသည် မိမိတို့၏ စက်ရုံတွင် လုပ်ကိုင်နေသော ဝန်ထမ်းလုပ်သားဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အဆိုပါ ဝန်ထမ်းလုပ်သား ခရီးသွားလာရာတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ရေးသားဖော်ပြရမည်ဟု ပါရှိသည်။

အလုပ်သမား၏ အမည်၊ မှတ်ပုံတင်အမှတ်၊ လူမှုဖူလုံရေးအမှတ်၊ ကုမ္ပဏီဝန်ထမ်းအမှတ်၊ လုပ်ကိုင်သည့်ဌာန၊ လက်ရှိနေရပ်လိပ်စာ၊ အမြဲတမ်းနေရပ်လိပ်စာတို့ကို ဖော်ပြထားရမည်ဖြစ်ပြီး ကုမ္ပဏီမှတာဝန်ရှိသူ၏ လက်မှတ်၊ ရာထူး၊ ကုမ္ပဏီရုံးတံဆိပ်တုံး ရိုက်နှိပ်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် မှတ်ပုံတင် မူရင်းအပြင် အလုပ်ခေါ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ခရီးသွား နေထိုင်မည့် ထောက်ခံချက် ၊ ဖုန်းနံပတ် ၊ သွားရောက်မည့်လိပ်စာနှင့် ထောက်ခံစာများ တင်ပြရမည်ဖြစ်ကြောင်းလည်း ယာဉ်လိုင်းများမှ စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here