လူ ၆၀ ကျော် ‌ေ-သဆုံးခဲ့ရတဲ့ မော်စကိုအနီး ကပွဲရုံ အကြ-မ်းဖက်တို-က်ခို-က်ခံရမှုအပေါ် ကမ္ဘာတစ်ဝန်းမှ တုန့်ပြန်မှုများ

0
203

ရုရှားနိုင်ငံ မြို့တော်မော်စကိုအနီးက ကပွဲရုံတစ်ခုမှာ သောကြာနေ့က ဂီတပွဲတက်ရောက်လာသူတွေကို မောင်းပြန်ရိုင်ဖယ်တွေကိုင်ဆောင်ထားတဲ့ ‌ေ-သနတ်သမားတွေက ပ-စ်ခ-တ်တို-က်ခို-က်ခဲ့တာကြောင့် လူ ၆၀ ကျော်‌ေ-သဆုံးခဲ့ရပြီး ဒါဟာ ရုရှားနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အ‌ေ-သအပျောက်အများဆုံး တိုက်ခိုက်မှုလည်းဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို တစ်ချိန်က အီရတ်နဲ့ ဆီးရီးယား နယ်မြေအတော်များများကို ထိန်းချုပ်ဖို့ကြိုးပမ်းခဲ့ဖူးတဲ့ အိုင်အက်စ် စစ်သွေးကြွအုပ်စုက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားပါတယ်။

လူအ‌ေ-သအပျောက်များခဲ့တဲ့ ဒီအကြ-မ်းဖက်တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေက ဝေဖန်ရှုတ်ချမှုတွေ လုပ်ခဲ့ကြပါတယ်။ 

ရုရှားနိုင်ငံ မော်စကိုဒေသ Krasnogorsk ရှိ မြို့တော်ခန်းမ ကပွဲရုံမှာဖြစ်ခဲ့တဲ့ သူရဲဘောကြောင်ပြီး ရ-က်စ-က်ကြ-မ်းကြု-တ်သော အကြ-မ်း-ဖက်တို-က်ခို-က်မှုကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဆိုခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့သူတွေ၊ စီစဉ်ခဲ့သူတွေ၊ ငွေကြေးထောက်ပံ့ခဲ့သူတွေနဲ့ အကြ-မ်းဖက်လုပ်ရပ်တွေကို ကမကထ ပြုခဲ့သူတွေဟာ တာဝန်ခံရမှာဖြစ်ပြီး တရားမျှတမှုခံရစေမှာဖြစ်ကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက အလေးပေးဖော်ပြခဲ့ပါတယ်။

အခင်းဖြစ်စဉ် ဓါတ်ပုံတွေဟာ ကြောက်မက်ဖွယ်ရာဖြစ်ပြီး ဒီသွေ-းပျက်ဖွယ်ပ-စ်ခ-တ်တို-က်ခို-က်မှုမှာ သားကောင်ဖြစ်ကြရသူတွေနဲ့ထပ်တူ မိမိတို့ ခံစားရပါကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောဆိုပါတယ်။

ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးဟာ ဒီကြီးမားတဲ့ ရာဇဝတ်မှုကို ရှုတ်ချဖို့ တာဝန်ရှိပါကြောင်းနဲ့ လူတွေကို ကယ်တင်ဖို့ရာ အစီအမံအားလုံးကို လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာကလည်း ပြောဆိုသွားပါတယ်။

ယူကရိန်း သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak ကတော့ ဒီဖြစ်ရပ်တွေမှာ ယူကရိန်းနဲ့ လုံးဝပတ်သက်ခြင်းမရှိကြောင်း၊ မိမိတို့ဟာ ရုရှားစစ်တပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ အလုံးစုံစစ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အရာအားလုံးကို စစ်မြေပြင်မှာသာ ဆုံးဖြတ်သွားဖို့ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ပြီး တရားမျှတမှု ဆောင်ကျဉ်းရပါမယ်လို့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်နီရဲ့ ကျန်ရစ်ဇနီးသည် ယူလီယာ နာဗာနာယာက ပြောဆိုပါတယ်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လွန်နီက မော်စကိုမှာ အပြစ်မဲ့အရပ်သားတွေ အစုအပြုံလိုက်သ-တ်-ဖြ-တ်ခံရတဲ့ တုန်လှုပ်ဖွယ်ဖြစ်ရပ်ဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ ဒီ ရ-က်စ-က်ကြ-မ်းကြု-တ်တဲ့ အကြ-မ်းဖက်လုပ်ရပ်အပေါ် အီတလီအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောဆိုခဲ့ပါတယ်။

ထို့အတူ ပြင်သစ်၊ ဂျာမနီ၊ ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကျူးဘားသမ္မတတို့ကလည်း ယခု အကြ-မ်းဖက်တိုက်ခိုက်မှုအပေါ် အသီးသီး ရှုတ်ချခဲ့ကြကြောင်း သိရပါတယ်။

Source: usnews.com


LEAVE A REPLY

Please enter your comment!
Please enter your name here