လာမည့် ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ မြန်မာ့လယ်ယာထွက်ကုန်များကို လျာထားချက်ပြည့်မီအောင် တင်ပို့မည်

0
156

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပို့ကုန် လျာထားချက်ပြည့်မီရန် မြန်မာ့လယ်ယာထွက်ကုန်များကို တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်မှုဌာနခွဲမှ သိရသည်။

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်နှင့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ရာတွင် ကုန်သွယ်မှုတိုးတက်ရေးနှင့် လျင်မြန်ချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်၊ နေ့လယ်ပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ အစည်းအဝေးခန်းမ၌ In Person/ Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း စီးပွားဖြစ် စိုက်ပျိုးဖြစ်ထွန်းပြီးတရုတ်နိုင်ငံမှ ဝယ်ယူလိုသော လယ်ယာစိုက်ပျိုးရေး ထွက်ကုန် များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) စာရင်းတွင်ပါရှိပြီး ကုန်သွယ်မှုတိုး တက်ရေးနှင့် လျင်မြန်ချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် သက်ဆိုင်ရာအသင်း အဖွဲ့မှ တာဝန်ရှိသူများပူး ပေါင်း၍ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း အစည်းအဝေးတွင် ဒေါ်နော်မူတာကပေါက ပြောကြားခဲ့သည်။

ထို့အပြင် လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပို့ကုန် လျာထားချက် ပြည့်မီရန် မြန်မာ့လယ်ယာထွက်ကုန်များအတွက် အရေးပါသည့် တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ပြီး မြန်မာ့လယ်ယာထွက်ကုန်များကို GACC မှတ်ပုံတင်စာရင်းတွင် ပါရှိနိုင်ရေးအတွက် ထိထိရောက်ရောက် ဆွေးနွေးကြစေလိုကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက GACC တွင် မှတ်ပုံတင်ရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်စေရေးကိစ္စများအား ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here