ဝေလမင်းသမီး ကင်ဆာ ကုထုံး ခံယူနေရ

0
183

ဝေလမင်းသား၏ကြင်ယာ‌တော်မင်းသမီး ကက်သရင်း(ကိတ်မစ်ဒယ်လ်တန်)သည် ကင်ဆာရောဂါခံစားနေရကြောင်း ကန်ဆင်တန်နန်းတော် က သောကြာနေ့ကထုတ်ပြန်သည့် ဗီဒီယိုမက်ဆေ့ချ်တွင် ကြေငြာခဲ့သည်။

အဆိုပါဗီဒီယို၌ အသက် ၄၂ နှစ်ရှိပြီဖြစ်သည့် ကိတ် က ၎င်းအနေဖြင့် ယခုရောဂါအား လအတန်ငယ်ကြာကတည်းကခံစား‌နေရခြင်းဖြစ်ပြီး ကင်ဆာမှန်းသိရချိန်တွင် တုန်လှုပ်ချောက်ချားခဲ့ရသည်ဟုလည်းပြောကြားခဲ့သည်။

၎င်းအနေဖြင့် ဇန်နဝါရီလက ဝမ်းဗိုက်ခွဲစိတ်မှုကို အောင်မြင်စွာခံယူပြီး နောက်ထပ်ပြုလုပ်သည့်စမ်းသပ်မှုအတွင်း ကင်ဆာကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သော်လည်း ကင်ဆာအမျိုးအစားနှင့်အဆင့်အား ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

ကျန်းမာရေးစတင်မကောင်းဖြစ်သည့်အချိန်ကတည်းက ပြည်သူများ၏ အားပေးရပ်တည်မှုနှင့် အားပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းလည်း ကိတ် ကပြောကြားခဲ့ပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း မိသားစုနှင့်ကိုယ်ပိုင်အချိန်လေးယူချင်ကြောင်းလည်းဆိုခဲ့သည်။

ပြီးခဲ့သည့်လကလည်း တတိယမြောက် ချားစ်လ်ဘုရင် မင်းမြတ် သည် ကင်ဆာရောဂါတွေ့ရှိခဲ့ကြောင်း တရားဝင်ကြေငြာခဲ့သဖြင့် တော်ဝင်မိသားစုအတွက် အများသတိထားမိစရာ ဝေဖန် ခန့်မှန်းပြောဆိုရာ ကိစ္စ ဖြစ်လာခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဆူးနက်ခ်ကမူ မင်းသမီးကိတ်၏ စိတ်ဓါတ်ကြံ့ခိုင်ကြောင်း ချီးကျူးဂုဏ်ပြုခဲ့ပြီး ယခုရောဂါကိုလည်း မင်းသမီးအနေဖြင့် အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်မည်ဟုယုံကြည်ကြောင်းပြောကြားခဲ့သည်။

Source : အင်န်ပီအာရ်


LEAVE A REPLY

Please enter your comment!
Please enter your name here