မိုးမောက်မြို့နယ်တွင် လက်နက်ကြီး ကျည်‌ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦး‌ေ-သဆုံး

0
125

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဟင်္သာကျေးရွာတွင် မတ်လ(၂၁) ရက် မွန်းလွဲပိုင်းအချိန်က ဒေသခံစစ်ရှောင်များခိုလှုံနေသည့် နေရာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၂)ဦး‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၆၀)အရွယ် သက်ကြီးပိုင်းတစ်ဦးနှင့် အသက် (၂၀) အရွယ်လူငယ်အမျိုးသမီးတစ်ဦးတို့ ‌ေ-သဆုံးခဲ့ပြီးက-လေ-းငယ်(၁)ဦးနှင့် အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့ ငါးဦးမှာ က-လေ-းငယ်တစ်ဦးပါတယ်။ ‌ဗန်းမော်ဆေးရုံးကို ပို့ထားပါတယ်။ အမျိုးသမီးနှစ်ဦးကတော့ လက်နက်ကြီးကျည်ကျတဲ့ နေ့မှာပဲ ဆုံးသွားပါတယ်။ “ဟု ဒေသတွင်းစစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ဒေသခံစစ်ရှောင်များမှာ မင်းဂျမ်းရွာရှိ ဒေသခံပြည်သူများဖြစ်ပြီး၊ တိုက်ပွဲကြောင့် ဟင်္သာကျေးရွာတွင် ခိုလှုံနေစဉ် လက်နက်ကြီးကျည်ပေါက်ကွဲခဲ့ရခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ‌ေ-သဆုံးခဲ့သည့် အမျိုးသမီး (၂)ဦးအား ဟင်္သာရွာ၌ပင် သဂြိုဟ်ပြီးစီးခဲ့ပြီးဖြစ်ကာ ကျန်ထိခိုက်ဒဏ်ရာရသူ က-လေ-းငယ်တစ်ဦးနှင့် အမျိုးသမီး(၄)ဦးကို ဆေးဝါးကုသရန် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအတွက် မည်သည့်အဖွဲ့က ပ-စ်-ခ-တ်သည်ကို မသိရှိရဘဲ ယင်းအတွက် မှတ်ချက်ပေးလိုခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ဗန်းမော်မြို့တွင် စစ်ရှောင်ပြည်သူ ‌(၃၀,၀၀၀)ကျော်အထိ ခိုလှုံနေကြရပြီး၊ ဝိုင်းမော်၊ မံစီ၊ မိုးမောက်၊ စီခမ်းကြီး၊တာမခန်၊ ဖားကန့် စသည့် ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တို့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများ ပြင်ထန်လျှက်ရှိသည်။

ဓာတ်ပုံ -ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်နေသူများ


LEAVE A REPLY

Please enter your comment!
Please enter your name here