ယူကရိန်း စွမ်းအင်နှင့် စစ်ဘက်စက်မှုဆိုင်ရာ နေရာများကို ရုရှားတိုက်ခိုက်

0
187

ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ စွမ်းအင်နှင့် စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းဆိုင်ရာ နေရာများကို တိကျသော လက်နက်များနှင့် မောင်းသူမဲ့လေယာဉ်များဖြင့် ပြင်းထန်သောတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီ နိုင်ငံခြားမှထောက်ပံ့ထားသည့် စစ်ဘက်ဆိုင်ရာပစ္စည်းများကိုပါ ရှင်းလင်းပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ရုရှားတပ်မတော်သည် ယူကရိန်းတို့၏ စွမ်းအင်နှင့် စစ်ဘက်စက်မှုဆိုင်ရာ အဆောက်အအုံများ၊ ရထားသယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာနေရာများ၊ လက်နက်များ၊ ယူကရိန်း လက်နက်ကိုင်အဖွဲ့များ ဖြန့်ကျက်ချထားသည့်နေရာများ၊ နိုင်ငံခြား ကြေးစားစစ်သားများကို မြေပြင်အခြေစိုက် တိကျသောတာဝေးပစ်လက်နက်များနှင့် မောင်းသူမဲ့လေယာဉ်တို့ဖြင့် ကြီးမားသောတိုက်ခိုက်မှုကို တိုက်ခိုက်ခဲ့သည်။ ယူကရိန်းတို့၏ လက်နက်ခဲယမ်းများ၊ စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို ပျက်ပြားစေခဲ့သည်။ ကြီးမားသော တိုက်ခိုက်မှု ရည်မှန်းချက်များအားလုံး အောင်မြင်ခဲ့ကြောင်း” ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှား၏ ကြီးမားသောတိုက်ခိုက်မှုသည် နေတိုးနိုင်ငံများမှ ယူကရိန်းထံ ပေးပို့ထားသော နိုင်ငံခြားလုပ်စစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးချေမှုန်းပစ်ခဲ့ပြီး ရှေ့တန်းသို့ ဖြန့်ကျက်ချထားသော ယူကရိန်းတပ်များအားလည်း ချေမှုန်းခဲ့ကာ ယူကရိန်းစစ်တပ်နှင့် ကြေးစားစစ်သားများကိုလည်း ရှင်းလင်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here