မော်စကို ကပွဲရုံ တိုက်ခိုက်ခံရမှု ‌ေ-သဆုံးသူ ၉၀ ကျော်လာပြီး သံသယရှိ ‌ေ-သနတ်သမားလေးဦးအပါအဝင် စုစု​ပေါင်းလူ ၁၁ ဦးကို ဖမ်းမိထားပြီဟု ဆို

0
190

ရုရှားနိုင်ငံ မော်စကို ကပွဲရုံတစ်ခုကို ‌ေ-သနတ်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ‌ေ-သဆုံးသူ ၉၃ ဦးအထိ ရှိလာခဲ့ကာ ဒဏ်ရာရသူ ၁၀၀ ကျော်ရှိနေတယ်လို့ အာဏာပိုင်တွေက မတ်လ ၂၃ ရက်မှာ ပြောဆိုပါတယ်။

ကနဦးအချက်အလက်တွေအရ တိုက်ခိုက်မှုအတွင်း ‌ေ-သဆုံးသူ ၉၃ ဦးထက်မနည်းရှိလာခဲ့ကြောင်းနဲ့ ‌ေ-သဆုံးဦးရေ ထပ်တိုးလာဖွယ်ရှိနေကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပြောဆိုခဲ့ပါတယ်။

အခင်းဖြစ်နေရာမှာရှိနေတဲ့ RIA သတင်းဋ္ဌာန သတင်းသမားတစ်ဦးရဲ့ အဆိုအရ မတ် ၂၂ ရက်က ဂီတပွဲကျင်းပရာ ခန်းမအတွင်းကို လုံခြုံရေးတွေအသွင် ရုပ်ဖျက်ဝင်ရောက်လာတဲ့ တိုက်ခိုက်သူတွေဟာ ‌ေ-သနတ်တွေနဲ့ ပစ်ခဲ့သလို လက်ပစ်ဗုံး သို့မဟုတ် မီးလောင်ဗုံးတစ်လုံး ပစ်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ မော်စကိုမြို့မြောက်ပိုင်း ဆင်ဖြေဖုံးဒေသ Krasnogorsk ရဲ့ အခင်းဖြစ်ပွားရာ Crocus မြို့တော်ခန်းမ ကပွဲရုံမှာ မီးလောင်ကျွမ်းမှုတွေ တမုဟုတ်ချင်းဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံတစ်ခုလုံး မီးခိုးတွေဖုံးလွှမ်းသွားခဲ့ကာ ဂီတပွဲလာရောက်သူတွေ အရေးပေါ်ထွက်ပေါက်တွေဆီ ကစဉ့်ကလျား ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိ ‌ေ-သနတ်သမား လေးဦး အပါအဝင် စုစု​ပေါင်းလူ ၁၁ ဦးကို ရုရှားလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိထားတယ်လို့ ကရင်မလင်က မတ် ၂၃ ရက်မှာပဲ သတင်းထုတ်ပြန်ပါတယ်။

ရုရှား ဖက်ဒရယ်လုံခြုံရေးဋ္ဌာန FSB အကြီးအကဲ အလက်ဇန္ဒြာ ဘောတနီကော့ဗ်က အကြ-မ်းသမား လေးဦး အပါအဝင် ဖမ်းဆီးရမိထားမှုဖြစ်စဉ်ကို သမ္မတ ဗလာဒီမာပူတင်ထံ သတင်းပို့ထားကြောင်းနဲ့ ၎င်းတို့နဲ့ ကြံရာပါတွေကို ဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

ကနဦးသတင်းအချက်အလက်တွေအရ တိုက်ခိုက်သူတွေလိုက်ပါသွားတဲ့ Renault အမျိုးအစားယာဉ်တစ်စီးကို မတ် ၂၂ ရက်ညပိုင်းမှာ မော်စကိုမြို့ အနောက်တောင်ဘက် ၃၄၀ ကီလိုမီတာအကွာရှိ Bryansk ဒေသမှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး ရပ်တန့်ဖို့တားခဲ့ပေမယ့် မောင်းပြေးခဲ့တယ်လို့ သိရကြောင်း ဥပဒေပြုအမတ် Alexander Khinshtein က ဆိုပါတယ်။ 

ယင်းကားကို လိုက်လံဖမ်းဆီးရာမှာ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အခြား ၂ ဦးကတော့ တောတွင်းကို ဝင်ပြေးခဲ့ရာမှ သူတို့ကိုလည်း နောက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့ပုံရတယ်လို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။

အဆိုပါကားအတွင်းကနေ ပစ္စတိုတစ်လက်၊ ချေမှုန်းရေးရိုင်ဖယ် ကျည်ကပ်တစ်ခု၊ တာဂျစ်ကစ္စတန် ပတ်စ်ပို့တွေကို တွေ့ရှိခဲ့တယ်လို့ မစ္စတာ Khinshtein က ပြောဆိုပါတယ်။ တာဂျစ်ကစ္စတန်ဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဖြစ်ခဲ့ဖူးတဲ့ မွတ်ဆလင်အများစုနေထိုင်ရာ အာရှအလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်ပါတယ်။

အကြ-မ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရန်နှင့် တိုက်ခိုက်မှုဖြစ်စဉ်အားလုံးကို ဖော်ထုတ်ရန် သက်ဆိုင်ရာက ဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရသည်။

ယခုတိုက်ခိုက်မှုဟာ ၂၀၀၄ ခုနှစ်က Beslan ကျောင်း အပိုင်စီးမှုဖြစ်စဉ်နောက်ပိုင်း ရုရှားနိုင်ငံမှာ လူအ‌ေ-သအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here