မော်စကိုကပွဲခန်းမတိုက်ခိုက်မှု စင်္ကာပူရှုံ့ချ၊အရေးပေါ်မဟုတ်ပါက ရုရှား ခရီးရွှေ့ဆိုင်းရန် နိုင်ငံသားများအားတိုက်တွန်း

0
148

စင်္ကာပူ၊မတ် ၂၃

စင်္ကာပူသည် မော်စကိုရှိကပွဲခန်းမတိုက်ခိုက်မှု ကိုရှုံ့ချခဲ့ပြီး ယင်းဖြစ်ရပ်သည် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပြီး ပြတ်သားသည့် သတိပေးချက်တစ်ခုလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။

မတ်လ ၂၂ ရက်က ခရော့ကတ်စ်မြို့တော်ခန်းမအား ‌ေ-သနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၆၀ ကျော် ‌ေ-သဆုံးပြီး ၁၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း IS စစ်သွေးကြွများက အခိုင်အမာပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုဟာ နိုင်ငံတိုင်းအတွက် အကြမ်းဖက်ဝါဒ ဆက်လက်ဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြတ်ပြတ်သားသား သတိပေးချက်တစ်ခုပါ။ဆုံးပါးသွားသူများ၏ ကျန်ရစ်သူမိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းမိပြီး ဒဏ်ရာရသူတွေကို အမြန်ပြန်ကောင်းလာဖို့ဆုတောင်းပါတယ်” ဟုလည်းပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စင်္ကာပူနိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရပြီးစင်္ကာပူနိုင်ငံသားများအနေဖြင့် ရုရှားသို့ မလိုအပ်ဘဲ ခရီးမသွားရန် ညွှန်ကြားထားပြီး ရုရှား၌ရှိသူများအနေဖြင့်လည်း သတိထားနေထိုင်ရန်၊သတင်းကို အနီးကပ်စောင့်ကြည့်ရန်နှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ အကြံဉာဏ်ကိုလိုက်နာရန် အကြံပြုထားကြောင်းလည်းသိရသည်။

Source : စီအင်န်အေ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here