မော်စကို ကပွဲရုံ စီးနင်းတိုက်ခိုက်သည့် ‌ေ-သနတ်သမားများ ယူကရိန်းနိုင်ငံအတွင်း ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ဟု ပူတင်ပြောဆို

0
193

‌ေ-သနတ်သမားတွေရဲ့ စီးနင်းပ-စ်ခ-တ်မှုခံခဲ့ရတဲ့ မော်စကိုမြို့ ဆင်ခြေဖုံးက ဂီတခန်းမဟာ စနေနေ့မှာ မီးကျွမ်းအဆောက်အအုံတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီး တို-က်ခို-က်မှုအတွင်း ‌ေ-သဆုံးသူဦးရေ ၁၃၀ ကျော်ခဲ့ပြီလို့ သိရပါတယ်။ ရုရှားအာဏာပိုင်တွေက သံသယရှိ ကျူးလွန်သူလေးဦးကို ဖမ်းဆီးရမိထားပြီဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်ကတော့ ဒီလူတွေဟာ ယူကရိန်းနိုင်ငံအတွင်း ထွက်ပြေးဖို့လုပ်စဉ်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

Krasnogorsk ဒေသ Crocus မြို့တော်ခန်းမရှိ ဂီတပွဲကို သောကြာနေ့က စီးနင်းတို-က်ခို-က်မှုဖြစ်စဉ်မှာ လုံးဝပတ်သက်ဆက်နွယ်ခြင်းမရှိဘူးလို့ ယူကရိန်းဘက်က အပြင်းအထန် ငြင်းဆိုခဲ့သလို ဒီတို-က်ခို-က်မှုဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အုပ်စုရဲ့ အာဖဂန်ဆိုင်ရာအဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ပူတင်ဟာ သူ့ရဲ့နိုင်ငံတော်မိန့်ခွန်းမှာ အိုင်အက်စ်အဖွဲ့နဲ့ပတ်သက်လို့ တခွန်းတပါဒမှ ဖွင့်ဟသွားခြင်းမရှိခဲ့ပါဘူး။ ပူတင်နဲ့ အခြား ရုရှားနိုင်ငံရေးသမားတွေဟာ သုံးနှစ်ကာလကို ဝင်ရောက်လာပြီဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်းစစ်ကို အပြင်းအထန်လှုံ့ဆော်မှုဖြစ်စေဖိုကအတွက် တို-က်ခို-က်မှုကို ယူကရိန်းနဲ့ ဆက်နွယ်သယောင် ဖန်တီးနေကြတယ်လို့ ကိဗ်က ဆိုခဲ့ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအရာရှိတွေကလည်း တို-က်ခို-က်မှုဟာ အိုင်အက်စ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို အတည်ပြုထားခဲ့ကြပါတယ်။ “ဒီတို-က်ခို-က်မှုအတွက် အိုင်အက်စ် တစ်ဖွဲ့တည်းမှာပဲ တာဝန်ရှိတာပါ။ ယူကရိန်းနဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွယ်ခြင်း မရှိပါဘူး” လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေး ဆိုခွင့်ရှိသူ Adrienne Watson က ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဒဏ်ရာရသူ ၁၀၀ ကျော်လည်းရှိခဲ့တဲ့ တို-က်ခို-က်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူ စုစုပေါင်း ၁၁ ဦး ရှိတယ်လို့ ပူတင်နဲ့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ တို-က်ခို-က်မှုကို ရိုင်းစိုင်းသော အကြ-မ်းဖက်လုပ်ရပ်လို့ ပူတင်က သုံးနှုန်းခဲ့ပြီး သံသယရှိ ‌ေ-သနတ်သမားလေးဦးဟာ နယ်စပ် ယူကရိန်းဘက်ခြမ်းမှာ ပြင်ဆင်ထားတဲ့ ဂယ်ပေါက်ကနေ ထွက်ပြေးကြဖို့ ကြိုးပမ်းစဉ် ရုရှားအာဏာပိုင်တွေက ဖမ်းမိခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

‌ေ-သနတ်သမားတွေဟာ အာရှအလယ်ပိုင်းမှ ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း တာဂျစ်ကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့ ရုရှားသတင်းမီဒီယာတွေက ဖော်ပြကြပြီး အာဖဂန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယင်းနိုင်ငံဟာ မွတ်ဆလင်အများစုနေထိုင်ရာ နိုင်ငံတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ တာဂျစ်လူမျိုး ၁.၅ သန်းခန့်ရှိပြီး အများစုက ရုရှားနိုင်ငံသားတွေဖြစ်နေကြပြီလို့ သိရပါတယ်။

တို-က်ခို-က်မှုမှာ အခြားတာဂျစ်လူမျိုးများစွာလည်း ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ရုရှားမီဒီယာတွေရဲ့ ရေးသားချက်တွေကို တာဂျစ်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပယ်ချခဲ့ကြောင်း သိရပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here