ကရိုကပ်စ်တွင် အကြ-မ်းဖက်တို-က်ခို-က်ခံရသူများကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကို ရုရှားအလံအရောင်များဖြင့် မီးထွန်း

0
183

ရုရှားနိုင်ငံ ကရိုကပ်စ် မြို့တော်ခန်းမတွင် အကြ-မ်းဖက်တို-က်ခို-က်ခံရသူများအား ဂုဏ်ပြုသည့်အားဖြင့် ဒူဘိုင်းရှိ ဘာ့ဂျ်ခါလီဖာ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်အား ရုရှားနိုင်ငံအလံ၏ အရောင်များ မီးထွန်းထားကြောင်းသိရသည်။

ထို့အပြင် “အာရပ်စော်ဘွားများ ပြည်ထောင်စုက ရုရှားကို ထောက်ခံပါသည်” ဟူသော ကမ္ပည်းစာတန်းသည်လည်း ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ၏ မျက်နှာစာတွင် အာရဗီနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် မီးထွန်းထားသည်။ ဒူဘိုင်းအာဏာပိုင်များနှင့် ဒူဘိုင်းနိုင်ငံ အမ်မာ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ တို့၏ စီစဉ်ဆောင်ရွက်မှုအရ ထိုသို့ ဂုဏ်ပြုကမ္ပည်းထိုးထားခြင်းဖြစ်သည်။

ခါလီဖာတက္ကသိုလ်၊ ADNOC ရေနံကုမ္ပဏီ၊ ပြပွဲများ တာဝန်ယူကျင်းပပေးသော ADNEC ကုမ္ပဏီ နှင့် အခြားအဆောက်အအုံအချို့တွင်လည်း ရုရှားနိုင်ငံ အလံအရောင်များဖြင့် မီးထွန်းထားကြောင်း WAM သတင်းအေဂျင်စီက သတင်းရေးသားထားသည်။

“အကြ-မ်းဖက်ဝါဒကို ဦးတည်တဲ့ အကြ-မ်းဖက်မှုမျိုးစုံကို UAE နိုင်ငံက ဆန့်ကျင်ပါတယ်။ ယူအေအီးခေါင်းဆောင်တွေနဲ့ လူထုက နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ သတ်မှတ်ထားတဲ့ အကြ-မ်းဖက်တို-က်ခို-က်မှုတွေကို တွန်းလှန်ရာမှာ ရုရှားအစိုးရနဲ့ ရုရှားပြည်သူတွေကို ထောက်ခံကြောင်း အထောက်အထားတွေဖြစ်ပါတယ်“ဟု အဆိုပါသတင်းတွင် ရေးသားဖော်ပြထားသည်။

မော်စကိုမြို့အနီးရှိ Krasnogorsk မြို့ရှိ ကရိုကပ်စ် မြို့တော်ခန်းမတွင် အကြ-မ်းဖက်တို-က်ခို-က်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းအကြ-မ်းဖက်တို-က်ခို-က်မှုကြောင့် လက်ရှိအချိန်အထိ ‌ေ-သဆုံးသူ ၁၃၃ ဦးရှိသော်လည်း တိုးလာနိုင်ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကဆိုသည်။ ရုရှားကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ လူ ၁၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယူကရိန်းနယ်စပ်သို့ ဦးတည်ထွက်ပြေးရန် ကြိုးပမ်းနေသည့် အကြ-မ်းဖက်တို-က်ခို-က်မှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ၁၁ ဦးကိုလည်း ဖမ်းမိထားပြီးဖြစ်သည်။ သမ္မတ ဗလာဒီမာပူတင်ကလည်း ယနေ့ မတ်လ ၂၄ ရက်နေ့ကို တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲခြင်းနေ့အဖြစ် ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here