ယနေ့ ညနေပိုင်း မန္တလေးမြို့ ၊ မန္တလာသီရိကစားကွင်းတွင် ကျင်းပသည့် ရွှေမန်းမြေမှ ရိုးရာသူရဲကောင်းတို့၏ စီးချင်းထိုးပွဲ အဓိက ခေါင်တွဲဆိုင်း ဖြစ်သည့် ကျော်စွာဝင်း (မြန်မာ) နှင့် ဖွားဆိုလ(ထိုင်း)တို့၏ ပွဲစဉ်တွင် ရွှေမန္တလေးသား ကျော်စွာဝင်းက ပြိုင်ဘက် ဖွားဆိုလအား အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
ကျော်စွာဝင်းသည် ပြိုင်ဘက်အား ပထမအချီစတင်ကတည်းက ဖိအားပေး ထိုးသ-တ်ခဲ့ပြီး ဒုတိယအချီ (၁) မိနစ် (၂၅) စက္ကန့်တွင် ဖွားဆိုလ အလဲထိုးခံရသဖြင့် အနားတောင်းခဲ့ရသည်။
ထို့နောက် တတိယအချီ အရောက်တွင် ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းက ပြိုင်ဘက် ထိုင်းနိုင်ငံသား ဖွားဆိုလကို အလဲထိုးဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
ကျော်စွာဝင်းသည် ယခုပွဲအား အနိုင်ရခဲ့သဖြင့် ၎င်း၏ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီလည်း ဖြစ်သည်။