ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၈၀၀ ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထပ်မံခွင့်ပြု

0
218

ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၈၄၃ ဦးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ထပ်မံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မတ်လ ၂၂ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး၌ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ဟိုတယ်ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခု၊ ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း နှစ်ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချမည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ (PVC ပိုက်များနှင့် HDPE ပိုက်များ) ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချမည့် အားဖြည့်အချိုရည် အမျိုးမျိုး ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် သတို့သမီးဝတ်စုံနှင့် ဆက်စပ် ပစ္စည်းအမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် နာရီ လက်ပတ်ကြိုးအမျိုးမျိုး၊ သားရေ လက်ပတ်ကြိုးနှင့် ဆက်စပ် ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်း ပြည်ပသို့တင်ပို့မည့် လူသုံးကုန် Fancy အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း ၌ ၁၀၀ ရာခိုင်နှုန်းရောင်းချမည့် ပလတ်စတစ်ဘူး အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေကျပ် ၈၀၃၆ ဒသမ ၆၅၉ သန်းနှင့် အမေရိကန် ဒေါ်လာ ၉ ဒသမ ၀၄၆ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၈၄၃ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here