မော်စကို ကပွဲခန်းမတို-က်ခို-က်မှု၌ ‌ေ-သဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

0
120

မော်စကို၊မတ် ၂၄

မတ်လ ၂၃ ရက်နေ့က မော်စကိုကပွဲခန်းမအတွင်း အကြ-မ်းဖက်သမားများဝင်ရောက်ပ-စ်ခ-တ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့်သူများအတွက် မော်စကို၌ အလံတိုင်တစ်ဝက်လွှင့်ထူခြင်းအပါအဝင် အခင်းဖြစ်နေရာ၌ပန်းစည်းများချပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပ-စ်ခ-တ်မှုကြောင့် လူပေါင်း ၁၃၃ ဦး‌ေ-သဆုံးကာ ၁၅၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ရုရှားသမ္မတဗလာဒီမာပူတင်ကမူ ယခုဖြစ်စဉ်အတွက် တို-က်ခို-က်မှုနောက်ကွယ်မှ ကျူးလွန်သူအားလုံးကို ခြေရာခံကာထိထိရောက်ရောက်အပြစ်ပေးမည်ဖြစ်ကြောင်းလည်း ကတိပြုပြောကြားခဲ့သည်။

“အခုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်၊အလားတူပဲ တစ်နိုင်ငံလုံးက ပြည်သူတွေဟာလည်း ခင်ဗျားတို့အားလုံးလိုပဲခံစားနေကြရပါတယ်” ဟုသမ္မတပူတင်ကမိန့်ခွန်းပြောကြားခဲ့သည်။

ယခုဖြစ်စဉ်အား အစ္စလာမ်အစွန်းရောက်အဖွဲ့ IS အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကထုတ်ဖော်ပြောကြားခဲ့သော်လည်း ရုရှား ပြည်ထောင်စုလုံခြုံရေးဌာနကမူ ကျူးလွန်သူ‌ေ-သနတ်သမားများသည် ယူကရိန်းနှင့်အဆက်သွယ်ရှိနေပြီး ၄င်း တို့ကို ယူကရိန်းနယ်စပ်တွင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းေပြာသည်။

ယူကရိန်းကလည်း တို-က်ခို-က်မှုအတွင်း ၎င်းတို့ မပါဝင်ကြောင်း အခိုင်အမာငြင်းဆိုခဲ့သည်။ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကမ္ဘာအရပ်ရပ်မှခေါင်းဆောင်များကလည်း တို-က်ခို-က်မှုအားပြစ်တင်ရှုံ့ချခဲ့ပြီး ရုရှားပြည်သူများနှင့်ထပ်တူဝမ်းနည်းပါကြောင်း သဝဏ်လွှာများအသီးသီးပေးပို့ခဲ့ကြသည်။

လက်ရှိအချိန်အထိ သံသယတရားခံအဖြစ် လူ ၁၁ ယောက် ကို ဖမ်းဆီးထိမ်းသိမ်းထားကြောင်းသိရှိရပြီး ၎င်းတို့အား မော်စကိုသို့ပို့ကာ ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်းလည်း ဒေသတွင်းသတင်း ဌာနများ၌ ဖော်ပြထားသည်ကိုတွေ့ရှိရသည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here