စံပြဈေးမီးပွိုင့်အနီး၌ အငှားယာဉ်မှ အမျိုးသား တစ်ဦးကို ဝင်တို-က်မိပြီး မောင်းနှင်ထွက်ပြေးသဖြင့် ရပ်ကွက်နေသူများမှ ဝိုင်းဝန်းဖမ်းဆီး

0
119

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အငှားယာဉ်တစ်စီးမှ လမ်းသွားနေသူ အမျိုးသား တစ်ဦးကို ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေးရာ ရပ်ကွက်နေသူများမှ ဝိုင်းဝန်းဖမ်းဆီးပြီး သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေး မီးပွိုင့်အနီးတွင် မတ်လ (၂၄) ရက်၊ ည (၁၂) နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Medical လူငယ်များလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“တက္ကစီက တို-က်ပြေးတာ အဲဒီအချိန် အသင်းက ဖြတ်သွားတော့ အကူအညီတောင်းလို့ ဝင်ကူတာပေါ့။ ဝင်ကူနေတဲ့အချိန် တိုက်သွားတဲ့ ကားက ပြန်လာကြည့်ရင်း ထပ်ပြီးမောင်းပြေးတာ၊ ကားသမားက မူးနေတာပေါ့။ ဝိုင်းဖမ်းတာ မိသွားတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

၎င်းတို-က်မိသည့် အငှားယာဉ်မောင်းမှ ပြန်လှည့်ကာ လာကြည့်သည့် အချိန်တွင် ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးကာ ရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က သွေးလှူတဲ့ ကိစ္စနဲ့ သွားရင်း လမ်းဘေးကနေ ကားတို-က်လို့ဆိုပြီး အော်ပြောလို့ ဝင်ကူညီတာ။ မောင်းတဲ့သူကလည်း မူးနေတဲ့ပုံပဲ၊ ပလက်ဖောင်းတွေကိုလည်း တို -က်ထားတယ်”ဟု အသင်းက ဆိုသည်။

အဆိုပါ ယာဉ်တို-က်ပြေးမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားမှာ အသက် (၃၄)နှစ်အရွယ်ရှိပြီး မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့ကာ စံပြဆေးရုံကြီးမှတဆင့် မြောက်ဥက္ကလာ မေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here