တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား စွမ်းရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်ရေးဆွေးနွေး

0
143

ကူမင်းမြို့၊ယူနန်ဘက်စုံ ရဲသင်တန်းကျောင်းသို့ မြန်မာကောင်စစ်ဝန်ချုပ် သွားရောက် လေ့လာပြီး နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ပိုမိုပူးပေါင်း ဖွင့်လှစ်နိုင်ရေး အပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လန်ချန်း-မဲခေါင် ဒေသခွဲဆိုင်ရာ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖိုရမ် တတိယအကြိမ်ပြုလုပ်ရာ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ပြီး ကူမင်းမြို့၊ ယူနန်ဘက်စုံ ရဲသင်တန်းကျောင်းသို့ သွားရောက် လေ့လာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

ထို့အပြင် ကူမင်းမြို့၊ ယူနန်ဘက်စုံ ရဲသင်တန်းကျောင်း၌ မတ်လ ၂၃ ရက်တွင် “Security Collaboration in Building Lancang-Mekong Community with a Shared Future” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် တတိယအကြိမ် လန်ချန်း-မဲခေါင် ဒေသခွဲဆိုင်ရာ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖိုရမ်သို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် ပါဝင် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲအပြီးတွင် မြန်မာကောင်စစ်ဝန်ချုပ်သည် တာဝန်ရှိသူများနှင့်အတူ ရဲသင်တန်းကျောင်း၌ လေ့ကျင့် သင်ကြားပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။ 

ထို့အပြင် နှစ်နိုင်ငံရဲတပ်ဖွဲ့များအကြား စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ပိုမိုပူးပေါင်း ဖွင့်လှစ်နိုင်ရေးအပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here