တာချီလိတ်မြို့တွင် အမျိုးသား (၂)ဦးထံမှ ငွေကျပ်သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို  သိမ်းဆည်းရမိ

0
141

မတ်လ (၂၂) ရက် ညနေ (၄)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် လမ်းလျှောက်လာသူ စိုင်းသူရထွန်း(ခ)အာကြီးအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၂.၁ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၃၁၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ (၅)နာရီခန့်အချိန်တွင် ဖြိုးဝေအောင်(ခ)ကိုဖြိုးအား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လပ်ကီးလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား ၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၄ သိန်းနှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိုင်းသူရထွန်း(ခ)အာကြီး(၄၁)နှစ်နှင့် ဖြိုးဝေအောင်(ခ)ကိုဖြိုး(၂၃)နှစ်တို့အား ဟောင်လိတ်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here